• Follow Us on
Latest News

Home တောင်ကုတ်မြို့နယ်တွင် ရွှေဆိုင်တစ်ဆိုင်ဓားပြတိုက်ခဲ့သော တရားခံတစ်ဦးကို ရွှေထည်ပစ္စည်းအချို့နှင့်အတူ ဖမ်းဆီးရမိ

တောင်ကုတ်မြို့နယ်တွင် ရွှေဆိုင်တစ်ဆိုင်ဓားပြတိုက်ခဲ့သော တရားခံတစ်ဦးကို ရွှေထည်ပစ္စည်းအချို့နှင့်အတူ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဇူလိုင် ၂၈

 

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဂူတာရပ်ကွက်၊ တောင်ကုတ်-ပန်းတောင်းကားလမ်းမကြီးဘေးရှိ ဦးသန်း ဌေး ပိုင်ဆိုင်သည့် ရွှေပွင့်အိမ်ရတနာရွှေဆိုင်ကို ယမန်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က အမျိုးသား ၂ ဦး ဆိုင် ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ပြခြိမ်းခြောက်ကာ ကာလတန်ဖိုးသိန်း ၆၆၀ ခန့်ရှိ ရွှေထည်ပစ္စည်း များကို ဓားပြတိုက် ယူဆောင်သွားကြောင်း သိရသည်။

 

တရာခံများအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ ယင်းနေ့ ည ၉ နာရီခွဲခန့်တွင် လမူးမော်ကျေးရွာအနီး၌ တရားခံ လုံးထွန်းမောင် (၃၂) နှစ်၊  ကမ်းထောင်းကြီးကျေးရွာ၊ မြေပုံမြို့နယ်နေသူအား သက်သေခံရွှေထည် ပစ္စည်းအချို့နှင့်အတူ ဖမ်းဆီးရမိခဲ့‌ကြောင်း သိရသည်။

 

ကနဦးစစ်ဆေးချက်အရ ဓားပြတိုက်ရာ၌ အသုံးပြုခဲ့သည့် သေနတ်မှာ တောင်ကုတ်ဈေးမှ ဝယ်ယူခဲ့သည့် ကော်သေနတ်ဖြစ်ပြီး တရားခံတစ်ဦးမှာ ထွက်ပြေးလွှတ်မြောက်နေသဖြင့် လိုက်လံဖမ်းဆီးလျက်ရှိ‌ကြောင်း သိသည်။

 

#PeopleMedia


Share this post