• Follow Us on
Latest News

Home တောင်ကုတ်မြို့နယ်တွင် အမျိုးသား ၂ ဦးနှင့်အတူ တရားမဝင်ဆင်စွယ်များ ဖမ်းဆီးရမိ

တောင်ကုတ်မြို့နယ်တွင် အမျိုးသား ၂ ဦးနှင့်အတူ တရားမဝင်ဆင်စွယ်များ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၄

 

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ကြိုးကြာကွင်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အမျိုးသား ၂ ဦးနှင့်အတူ တရားမဝင်တင်ဆောင်လာသည့် ဆင်စွယ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

တောင်ကုတ်မြို့နယ်၊ ကြိုးကြာကွင်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ယာဉ်အဝင်/ အထွက် စစ်ဆေးခြင်းများဆောင်ရွက်စဉ် ဆိုင်ကယ်တစ်စီးအား စစ်ဆေးခဲ့ကြောင်း၊ ထိုသို့ စစ်ဆေးစဉ် အမျိုး သား ၂ ဦးနှင့်အတူ ဆာလာအိတ်အတွင်းမှ ဆင်စွယ်အပိုင်း ၄ ပိုင်းအား တွေ့ရှိခဲ့ရ၍ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

သို့ဖြစ်၍ သံတွဲမြို့နယ်နေ ကျော်ဝင်း (၂၈)နှစ်နှင့် သံတွဲမြို့နယ်နေ မောင်ကျောက် (၃၉)နှစ်တို့အား ဇီဝမျိုးစုံ/မျိုး ကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေဖြင့် အရေးယူနိုင်ရေး မြို့ နယ်သစ်တောဦးစီးဌာနသို့ သက်သေခံပစ္စည်းနှင့်အတူ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post