တောင်ကုတ်မြို့နယ်ရှိ စစ်သွေးကြွ AA နဲ့ ပူးပေါင်းအဖွဲ့စခန်းကို တပ်မတော် လေကြောင်းနဲ့ ရှင်းလင်း၊ ထိခိုက် ဒဏ်ရာရမှုများပြား
PUBLISHED - December 2, 2024
နေပြည်တော်၊ ဒီဇင်ဘာ ၂
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ခရိုင်ကျေးရွာရှိ စစ်သွေးကြွ AA နဲ့ ပူးပေါင်းအဖွဲ့စခန်းကို တပ်မတော်က လေကြောင်းဖြင့် ရှင်းလင်းခဲ့ရာတွင် စစ်သွေးကြွ AA အဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှု များပြားခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ (၁)ရက် ညနေ (၃)နာရီကျော်အချိန်က စစ်သွေးကြွ AA နဲ့ ပူးပေါင်းအဖွဲ့စခန်းတည်ရှိရာ တောင်ကုတ်မြို့နယ် ခရိုင်ကျေးရွာကို တပ်မတော်က လေကြောင်းဖြင့် ရှင်းလင်းခဲ့သည်။
ယင်းသို့ရှင်းလင်းရာတွင် စစ်သွေးကြွ AA အဖွဲ့ဝင် (၂)ဦးခန့် သေဆုံးခဲ့ပြီး (၁၉)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
#PeopleMedia