• Follow Us on
Latest News

Home တောင်ကြီးမြို့တွင် မော်တော်ယာဉ်တစ်စီးပေါ်၌ PDF (၃) ဦး၊ မူးယစ်းဆေးဝါးနှင့် သေနတ်ဖမ်းမိ

တောင်ကြီးမြို့တွင် မော်တော်ယာဉ်တစ်စီးပေါ်၌ PDF (၃) ဦး၊ မူးယစ်းဆေးဝါးနှင့် သေနတ်ဖမ်းမိ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၃

 

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့၊ တောင်ကြီး-ကျောက်တလုံးကြီးသွားသည့် ကားလမ်းမပေါ်တွင် မော်တော်ယာဉ်တစ်စီးပေါ်၌ PDF (၃) ဦး၊ မူးယစ်းဆေးဝါးနှင့်အတူ သေနတ်များကို လုံခြုံရေး လှည့်ကင်း ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိကြောင်း သိရသည်။

 

စက်တင်ဘာလ ၂၉ ရက်နေ့တွင် PDF များ ထွက်ပြေးကြောင်း သတင်းရရှိသောကြောင့် လုံခြုံရေးလှည့်ကင်း ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့မှ မော်တော်ယာဉ်များအား စစ်ဆေးရာတွင် တောင်ကြီး-ကျောက်တလုံးကြီးသွား သည့် ကားလမ်းမ၊ လွယ်ကောင်းကျေးရွာအနီး၌ ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

 

ထိုယာဉ်မှာ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ပြီး ယာဉ်ပေါ်၌ PDF အရှင် (၃) ဦး ၊WY မူးယစ်းဆေးပြား (၆၀၀၀)ပြား၊ လက်လုပ်သေနတ် (၁)လက်၊ ကျည်မျိုးစုံ (၁၀) နှင့် လက်ပစ်ဗုံး (၁)လုံး တို့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post