• Follow Us on
Latest News

Home တောင်ကြီးမြို့နယ်တွင် ဘော်ဒါဆောင်ကျောင်းကား တိမ်းမှောက်ပြီး ကျောင်းသူ၊ ကျောင်းသားများအပါအဝင် (၂၀) ဦး ထိခိုက်ဒဏ်ရာရရှိ

တောင်ကြီးမြို့နယ်တွင် ဘော်ဒါဆောင်ကျောင်းကား တိမ်းမှောက်ပြီး ကျောင်းသူ၊ ကျောင်းသားများအပါအဝင် (၂၀) ဦး ထိခိုက်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ သြဂုတ် ၁၅

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ထီသိမ်ကျေးရွာ၊ နယ်မြေ (၉) ရပ်တော်မူလမ်းရှိ ဘော်ဒါ ဆောင်မှ ကျောင်းသား၊ ကျောင်းသူများ လိုက်ပါလာသည့် ကျောင်းကား တိမ်းမှောက်ပြီး ကျောင်းသူ၊ ကျောင်း သားများအပါအဝင် (၂၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

သြဂုတ်လ (၁၄)ရက် နံနက် (၈) နာရီ (၄၅) မိနစ်ခန့်က ဘော်ဒါဆောင်မှ ကျောင်းသား (၁၆) ဦး၊ ကျောင်းသူ (၁၃) ဦးပါသော ကားသည် အမှတ် (၁၀) အခြေခံပညာ အထက်တန်းကျောင်းအသွားတွင် ဘရိတ်ပေါက်ကာ ရပ်တော်မူဘုရားအနီးတွင် တိမ်းမှောက်ခဲ့သည်။

 

ထိုသို့ တိမ်းမှောက်မှုကြောင့် ကားပေါ်တွင် လိုက်ပါလာသည့် ကျောင်းသား (၁၀) ဦး၊ ကျောင်းသူ (၉) ဦးနှင့် ယာဉ်မောင်း (၁) ဦးတို့ မစိုးရိမ်ရဒဏ်ရာများရရှိခဲ့ပြီး စဝ်စံထွန်းဆေးရုံတွင် ကုသပေးနေကြောင်း သိရသည်။

 

#PeopleMedia


Share this post