တောင်ကြီးမြို့ရှိ ကမ္ဘာ့ဗုဒ္ဓသာသနာပြု(အောက်စဖိုဒ့်)ဆရာတော်အား နစကဥက္ကဋ္ဌ သွားရောက်ဖူးမြော်ကြည်ညို
PUBLISHED - October 23, 2023
နေပြည်တော်၊ အောက်တိုဘာ ၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ပန်းတင်ကျေးရွာအုပ်စု၊ ဘုရားဖြူရပ်ကွက်ရှိ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် (Shan State Buddish University) သို့ သွားရောက်၍ ကမ္ဘာ့ဗုဒ္ဓသာသနာပြု (အောက်စဖိုဒ့်) ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ကိုဦးဆောင်တည်ထောင်သူ အောက်စဖိုဒ့် တက္ကသိုလ်၏ Fellow နှင့် အပြည်ပြည်ဆိုင်ရာ ထေရ ဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဒေါက်တာ ဘဒ္ဒန္တ ဓမ္မသာမိ အားဖူးမြော် ကြည်ညို ကြသည်။ ထို့နောက် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန် တော့ဖွင့်လှစ်ပြီး ဧည့်ပရိသတ်များက (အောက်စဖိုဒ့်) ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈယ်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူကြည်ညိ ုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က (အောက်စဖိုဒ့်) ဆရာတော်ထံ ပိဋကတ်သုံးပုံအား ပါဠိအက္ခရာ၊ Romanize Languageတို့ဖြင့် ရိုက်နှိပ်ထားသည့် ပိဋ ကတ်သုံးပုံကျမ်းစာအုပ်များ၊ မာရဝိဇယရုပ် ပွားတော်မြတ်ပုံစံတူ ရုပ်ပွားတော်၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများကို ပေးအပ်လှူဒါန်းရာ ဆရာတော်ကြီးကိုယ်တိုင် ရေးသားပြုစုထားတော်မူသည့် ဓမ္မစာအုပ်များကို ဓမ္မလက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဗုဒ္ဓ တက္ကသိုလ်အတွင်း မဟော်ဂနီပင်ကို အမှတ်တရစိုက်ပျိုးပေးရာ သံဃာတော်များက မေတ္တာပို့ တရား တော်များကို ရွတ်ဖတ်သရစ္ဇျယ်ပေးကြသည်။
ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် (Shan State Buddish University)ကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် တည်ထောင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း ဗုဒ္ဓဘာသာပညာရေးကဏ္ဍကို ကမ္ဘာ့ တက္ကသိုလ်ကြီးများကဲ့သို့ ဗုဒ္ဓဘာသာအတွေးအခေါ်များ၊ တရားဓမ္မများကို နိုင်ငံတကာ အဆင့်မီ သုတေသနပြုလေ့လာသင်ကြား ပို့ချနိုင် သည့် တက္ကသိုလ်ကြီးအဖြစ် ဖြစ်ထွန်း လာစေရေး အားသွန်ခွန်စိုက် ကြိုးပမ်းတော်မူလျက်ရှိကြောင်းနှင့် ဗုဒ္ဓသာ သနာတော် ထွန်းကားပြန့်ပွားရေးဆိုင်ရာ စာပေများကို အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ၊ ရှမ်း ဘာသာ တို့ဖြင့် ရေးသားပြုစုထုတ်ဝေခြင်း၊ ဘာသာပြန်ဆိုခြင်းကိုလည်း လုပ်ဆောင်ကာ ဘာသာသာသနာတော် အကျိုးကို ကြိုးပမ်းအားထုတ်ဖော်ဆောင်တော်မူလျက် ရှိသည်။
#PeopleMedia