တောင်ကြီး-ဟိုပုံးပြည်ထောင်စုလမ်းမကြီးတွင် တရားမဝင်သယ်ဆောင်လာသည့် ကျောက်စိမ်း လက်ကောက်အကြမ်းထည် (၆၅၀၀) ကွင်းနှင့်အတူ အမျိုးသားနှစ်ဦးဖမ်းဆီးရမိ

PUBLISHED - March 15, 2025
နေပြည်တော်၊ မတ် ၁၅
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ တောင်ကြီး-ဟိုပုံးပြည်ထောင်စုလမ်းမကြီးရှိ ၄ မိုင်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် တရားမဝင်သယ်ဆောင်လာသည့် ကျောက်စိမ်း လက်ကောက်အကြမ်းထည် (၆၅၀၀) ကွင်းနှင့်အတူ အမျိုးသားနှစ်ဦးဖမ်းဆီးရမိကြောင်း သိရသည်။
မတ်လ ၁၄ ရက်နေ့တွင် တောင်ကြီးမှ ဟိုပုံးသို့မောင်းနှင်လာသည့် ယာဉ်ကိုစစ်ဆေးရာ ယာဉ်ပေါ်တွင် ဂျပ်ဖာ (၇) ဖာနှင့် ကြမ်းခင်းအတွင်း တရားဝင်သယ်ဆောင်လာသည့် ကျောက်စိမ်းလက်ကောက်အကြမ်းထည် ၆၅၀၀ ကွင်း၊ အလေးချိန် (၈၀၉) ကီလိုဂရမ်ခန့် သိမ်းဆည်းရမိကြောင်း သိရသည်။
အဆိုပါဖမ်းဆီးရမိသူများမှာ မန္တလေးတိုင်းဒေသကြီးတွင် နေထိုင်သည့် ယာဉ်မောင်း အသက်(၂၈) နှစ်အရွယ် ဇေမောင်မောင်နှင့် မလှိုင်မြို့၊ ကြက်ဆည်ကျေးရွာတွင်နေထိုင်သည့် ယာဉ်ပေါ်လိုက်ပါလာသည့် အသက် (၂၇)နှစ်အရွယ် ချစ်ဦးမောင်တို့ဖြစ်ပြီး ယာဉ်အမှတ် ယာဉ်အမှတ်၊ MGY/4P-4471 (Foton/ခဲ ရောင်) ယာဉ်ဖြစ်ကြောင်း သိရသည်။
Photo-Credit
#PeopleMedia