တောင်ငူတပ်နယ်နှင့် ပြည်တပ်နယ်တို့ရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်များတပ်ဆင်
PUBLISHED - September 21, 2023
နေပြည်တော်၊ စက်တင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူတပ်နယ်နှင့် ပြည်တပ်နယ်တို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား လက်နက် များ တပ်ဆင်အပ်နှင်းခြင်း၊ စစ်ဝတ်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို စက် တင်ဘာ ၁၉ ရက်နှင့် စက်တင်ဘာလ ၂၀ ရက်နေ့ တို့တွင် ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့စစ်နှင့် နယ်ခြားတပ်များညွှန်ကြား ရေးမှူး ဗိုလ်ချုပ် အောင်ပိုင်ဦးနှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က လက်နက်များ တပ်ဆင်ပေးရသည့် ရည်ရွယ်ချက်ကိုလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်သူ့စစ်များအတွက် ရိက္ခာများထောက်ပံ့ပေး အပ်မည့် အစီအမံများကိုလည်းကောင်း၊ ဗိုလ်ချုပ်အောင်ပိုင်ဦးက ပြည်သူ့စစ်များ လိုက်နာကျင့်သုံးရမည့် ကျင့် ဝတ်များကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်များ အပ်နှင်းပေး သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများနှင့် စစ်ဝတ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
#PeopleMedia