• Follow Us on

Home တောင်ငူမြို့တွင် အမျိုးသား (၂) ဦး ဓားဒဏ်ရာများဖြင့် သေဆုံးပြီး အမျိုးသား (၁) ဦးလည်း ဒဏ်ရာအပြင်း အထန်ရရှိ

တောင်ငူမြို့တွင် အမျိုးသား (၂) ဦး ဓားဒဏ်ရာများဖြင့် သေဆုံးပြီး အမျိုးသား (၁) ဦးလည်း ဒဏ်ရာအပြင်း အထန်ရရှိ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ နံ့သာကုန်းကျေးရွာအနီး တောင်ငူ-လိပ်သို သွားသည့်ကား လမ်းမပေါ်တွင် ဓားဒဏ်ရာများဖြင့် သေဆုံးပြီး အမျိုးသား(၂) ဦးနှင့်အတူ အမျိုးသား (၁) လည်း ဒဏ်ရာ အပြင်းအထန်ရရှိကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၉ ရက် ည (၉) နာရီအချိန်တွင် တောင်ငူ-လိပ်သို လမ်းမပေါ်၌ သုံးဘီးဆိုင်ကယ် (၁) စီးနှင့် မော်တော်ဆိုင်ကယ် (၂) စီးပေါ်တွင် အမျိုးသား (၅) ဦး လိုက်ပါစီးနှင်လာသည့် ယာဉ်ကို KNU/PDF များမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း အမျိုးသား (၂) ဦးမှာ သေဆုံးပြီး၊ အမျိုးသား (၁) ဦးမှာ ဒဏ်ရာရရှိခဲ့ ကြောင်း၊ အမျိုးသား (၂) ဦးမှာ လွတ်မြောက်သွားကြောင်း သိရသည်။

 

ထို့ပြင် KNU/PDF များမှ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် အမျိုးသား (၂) ဦးမှာ တောင်ငူမြို့၊ ကွမ်းပင်ကျေးရွာတွင် နေထိုင်ကျသည့် အသက် (၂၉) နှစ်အရွယ် ရဲလွင်ဦးမှာ ဓားဒဏ်(၈) ချက်ဖြင့် သေဆုံးပြီး၊ အသက်(၃၀) နှစ်အရွယ် ဘိုဝင်း(ခ) ဘိုဘိုဝင်းတို့မှာ သေနတ်ဒဏ်ရာ (၄) ချက်ဖြင့် အခင်းနေရာတွင် သေ ဆုံးပြီး၊ ဒဏ်ရာရရှိသည့် အမျိုးသားမှာ တောင်ငူမြို့၊ တပြေးကျေးရွာတွင် နေထိုင်သည့် အသက် (၂၀) နှစ် အရွယ် မောင်ခွန်ရွေကြိုင်တို့ဖြစ်ပြီး၊ ကျန်အမျိုးသား (၂) ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

 

ထိုအမျိုးသား (၅) ဦး စီးနှင်လာသည့် သုံးဘီးဆိုင်ကယ်နှင့် မော်တော်ဆိုင်ကယ် (၂) ဦးတို့ကို KNU/PDF များမှ မီးရိူ့ဖျက်ဆီးသွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post