တောင်ငူမြို့တွင် ဦးခေါင်းပွင့်ပြီး သေဆုံးနေသည့် အမျိုးသားရုပ်အလောင်းတွေ့ရှိ

PUBLISHED - February 10, 2025
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ၅ မိုင် နှင့် ၆ မိုင်ကြားတွင် ဦးခေါင်းပွင့်၍ သေဆုံးနေသည့် အမျိုးသား ရုပ်အလောင်းတစ်လောင်းတွေ့ရှိကြောင်း သိရသည်။
အဆိုပါရုပ်အလောင်းမှာ ဖေဖော်ဝါရီလ ၉ ရက် နေ့လည် ၁ နာရီအချိန်တွင် လမ်းသွားပြည်သူတစ်ဦးမှ မြို့ခံလူမှုကူညီရေးအသင်းသို့ ဖုန်းဆက်အကြောင်းကြားသောကြောင့် ဖြစ်စဉ်နေရာသို့ ရောက်ရှိပြီး ရုပ်အလောင်းကို တောင်ငူမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
“ညီမဖြစ်သူမင်္ဂလာပွဲအတွက် ပစ္စည်းလာဝယ်တာလို့တော့ သိရတယ်။ သေခြာတော့မသိဘူး။ ဇာတိက ကရင်ပြည်ကလို့ပြောတယ်။ မိသားစုတွေလည်း ဆေးရုံရောက်လာတယ်” လို့ မြေပြင်အားသွားရောက် ကူညီသည့် မြို့ခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
အဆိုပါသေဆုံးသည့် အမျိုးသားမှာ အသက်(၂၅) ဝန်းကျင်ရှိပြီး၊ ၎င်းမှာမည်သည် အတွက်ကြောင့် ဦးခေါင်းပွင့်၍ သေဆုံးသည်ကို သိရှိရခြင်းမရှိကြောင်း သိရသည်။
Photo – Credit
#PeopleMedia