• Follow Us on

Home တောင်ငူမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေအား ထောက်ခံပွဲပြုလုပ်

တောင်ငူမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေအား ထောက်ခံပွဲပြုလုပ်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀

 

ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲများကို ယမန်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ မိုင်ဒါ ကွင်းရှိ လွတ်လပ်ရေးကျောက်တိုင်၌ ပြုလုပ်ခဲ့ကြသည်။

 

ဦးစွာ တောင်ငူမြို့မှ ဒေသခံတိုင်းရင်းသား မျိုးချစ်ပြည်သူများက ဗိုလ်မှူး ဖိုးကွန်းလမ်းရှိ မင်းကြီးရုပ်ထု၌ စုဝေးကြပြီး ကျင်းပမည့်နေရာသို့ ချီတက် ထောက်ခံကြသည်။

 

ချီတက်ရာလမ်းတစ်လျှောက်တွင် ဒေသခံမျိုးချစ်ပြည်သူများက ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့် ရှောက်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် နိုင်ငံသား တိုင်းတွင် တာဝန်ရှိသည်၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို အပြည့်အဝထောက်ခံကြိုဆိုပါသည်၊ နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည် စသည့်ကြွေးကြော်သံများကို သံပြိုင်ကြွေးကြော်ခဲ့ကြပြီး သတ်မှတ်နေရာ အသီးသီးတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပါသည်ဟု တစ်ခဲနက်ဆန္ဒထုတ်ဖော်ဟော ပြောခဲ့ပြီး ကြိုဆိုထောက်ခံပွဲကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြသည်။

 

#PeopleMedia


Share this post