• Follow Us on
Latest News

Home တောင်ငူ-သာယာကုန်း ဓာတ်အားလိုင်း၏ တာဝါတိုင်များဖောက်ခွဲခံရ၍ ပြင်ပြင်နေချိန်တွင် အချို့ယာယီဝန်အား လျော့ချရခြင်းများဆောင်ရွက်မည်

တောင်ငူ-သာယာကုန်း ဓာတ်အားလိုင်း၏ တာဝါတိုင်များဖောက်ခွဲခံရ၍ ပြင်ပြင်နေချိန်တွင် အချို့ယာယီဝန်အား လျော့ချရခြင်းများဆောင်ရွက်မည်

Share this post

နေပြည်တော်၊ ဇူလိုင် ၂၈

 

နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဓာတ်အားပို့လွှတ်ပေးထားသော 230kV တောင်ငူ-သာယာကုန်း ဓာတ်အား လိုင်း၏ တာဝါတိုင်အမှတ် (၂၄၅) နှင့် (၂၄၆) တို့ ဖောက်ခွဲဖျက်ဆီးခံခဲ့ရခြင်းအား လျှပ်စစ်ဝန်ထမ်းများမှ အချိန် နှင့် တပြေးညီ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပို ရေးရှင်းမှ ထုတ်ပြန်ထားသည်။

 

သို့ဖြစ်ပါ၍ ဓာတ်အားစနစ်သို့ ဓာတ်အားပို့လွှတ်နိုင်မှု လျော့နည်းနေစဉ်အချိန်အတွင်း ဝန်အားထိန်းညှိ၍ ဓာတ်အားဖြန့်ဖြူးပေးနေရခြင်းများကြောင့် အချို့နေရာများတွင် ယာယီဝန်အားလျော့ချရခြင်းများအပေါ် နားလည်ခွင့်လွှတ်ပေးနိုင်ပါရန် မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ကြောင်း ထုတ်ပြန် ထားသည်။

 

#PeopleMedia


Share this post