တောင်ငူ-သောင်းတိုင်ကုန်းဘူတာအကြားရှိ ခပေါင်းတံတားအား အကြမ်းဖက်သောင်းကျန်းသူများက မိုင်း ဖောက်ခွဲမှုကြောင့် ရထားလမ်းခေတ္တပိတ်ခဲ့ရ
PUBLISHED - March 14, 2024
နေပြည်တော်၊ မတ် ၁၄
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း မတ် ၁၂ ရက် ည ၈ နာရီ ၃၇ မိနစ်ခန့်တွင် တောင်ငူ-သောင်းတိုင်ကုန်း ဘူတာအကြား မိုင် ၁၆၄/၁၂-၁၃ ကြား တံတားအမှတ် (၂၆၃) အရှည် ပေ ၆၈၀ သံပေါင်တံတား (ခပေါင်းတံတား) ပေါ်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ နယ်မြေခံ လုံခြုံရေးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ တံတား၏ လူသွားလမ်းအတက်အုတ်ခုံ ပျက်စီးခဲ့ကြောင်း တွေ့ရှိ ရပြီး တောင်ငူ-သောင်းတိုင်ကုန်း ရထားလမ်းပိုင်းအား ယမန်နေ့ နံနက် ၆ နာရီတွင် ခေတ္တပိတ်ခဲ့ရကြောင်း သိရ သည်။
မိုင်းပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တို့က အချိန်နှင့် တစ်ပြေးညီ နယ်မြေရှင်းလင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပြီး မြန်မာ့မီးရထားဝန်ထမ်းများက တံတား ကြံ့ခိုင်မှုနှင့် ရထားလမ်းပိုင်းအား စစ်ဆေးဆောင်ရွက်ခဲ့ကာ တောင်ငူ-သောင်းတိုင်ကုန်း ရထားလမ်းပိုင်းကို ယမန်နေ့နံနက် ၇ နာရီ ၂၅ မိနစ်တွင် ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမားဖြစ်ပေါ်ခြင်းမရှိခဲ့သော်လည်း မိုင်းဖောက်ခွဲ ခံရသည့် ခပေါင်းတံတားသည် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း တောင်ငူနှင့် သောင်းတိုင်ကုန်းဘူတာ အကြား အဓိကတံတားတစ်စင်းဖြစ်ပြီး ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းဆောင် ရွက်နေစဉ် အဆိုပါတံတားတစ်စင်းတည်းကိုသာ အစုန်/ အဆန်ရထားများ ဖြတ်သန်းနေရသဖြင့် မိုင်းဖောက်ခွဲမှု ကြောင့် တံတားထိခိုက်ပျက်စီးခဲ့ပါက ရထားသွားလာမှုရပ်ဆိုင်းသွားနိုင်၍ ခရီးသွားပြည်သူများနှင့် ကုန်စည် သယ်ယူပို့ဆောင်မှုကို ထိခိုက်စေလိုသော ရည်ရွယ်ချက်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ယခုအချိန်အထိ မြန်မာ့ မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ ဖျက်ဆီး ခြင်း အကြိမ် ၁၃၀၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း အကြိမ် ၅၀၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်း နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း ၁၂ ကြိမ် ကျူးလွန်ခဲ့ကြပြီးဖြစ်သည်။
#PeopleMedia