• Follow Us on
Latest News

Home တောင်တရုတ်ပင်လယ်တွင်းက အမေရိကန်ဖျက်သင်္ဘောကို တရုတ်ရေတပ်မောင်းထုတ်

တောင်တရုတ်ပင်လယ်တွင်းက အမေရိကန်ဖျက်သင်္ဘောကို တရုတ်ရေတပ်မောင်းထုတ်

Share this post

နိုင်ငံတကာ၊ မေ ၁၁

 

တောင်တရုတ်ပင်လယ်တွင်း ပါရာဆယ်ကျွန်းဘက်ကို သောကြာနေ့ (မေလ ၁၀ ရက်နေ့) က ဝင်ရောက်လာတဲ့ အမေရိကန်စစ်သင်္ဘော USS Halsey (ယူအက်စ်အက်စ်ဟောဇီး) ကို အနီးကပ်စောင့်ကြည့်ပြီး မောင်းထုတ်ခဲ့ ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA တောင်ပိုင်းစစ်နယ်ဝန်းက ပြောကြားလိုက်ပါတယ်။

 

အမေရိကန်ပြည်ထောင်စုရဲ့လုပ်ရပ်ဟာ “တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို အကြီးအကျယ် ချိုးဖောက်ခြင်း” ဖြစ်ကြောင်း PLA တောင်ပိုင်းစစ်နယ်ဝန်းရဲ့ဖော်ပြချက်မှာပါရှိပါတယ်။

 

“ဒီလုပ်ရပ်ဟာ အမေရိကန်ရဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ ဗိုလ်ကျစိုးမိုးမှုနဲ့ တောင်တရုတ်ပင်လယ်အတွင်း စစ် မက်ဖြစ်ပွားဖို့ အသင့်ရှိနေတယ်ဆိုတာကို နောက်ထပ် သက်သေပြလိုက်တာဖြစ်ပါတယ်။ တရုတ်ပြည်သူ့လွတ် မြောက်ရေးတပ်မတော်ကို အမြင့်ဆုံးတပ်လှန့်ထားပြီး အမျိုးသားလုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်နေ ပါတယ်။” လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

 

အမေရိကန်ဖျက်သင်္ဘောဟာ ရေကြောင်းဆိုင်ရာအခွင့်အရေးနဲ့ လွတ်လပ်ခွင့်ကိုကျင့်သုံးပြီး နိုင်ငံတကာဥပဒေနဲ့ အညီ တောင်တရုတ်ပင်လယ် ပါရာဆယ်ကျွန်းအနီးက ဖြတ်သန်းသွားခဲ့တာဖြစ်ကြောင်း အမေရိကန်ရေတပ်က ထုတ်ပြန်ကြေညာပါတယ်။

 

တောင်တရုတ်ပင်လယ်အတွင်း စစ်ဆင်ရေးတာဝန်ထမ်းဆောင်ပြီးနောက် USS Halsey ဖျက်သင်္ဘောဟာ အဲဒီ ဒေသတွင်းက ထွက်ခွာလာကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

 

အမေရိကန်ရဲ့မဟာမိတ် ဖိလစ်ပိုင်နိုင်ငံနဲ့ တရုတ်နိုင်ငံတို့ တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး တင်း မာမှုတွေမြင့်တက်နေချိန်မှာ တရုတ်နဲ့ အမေရိကန် အခုလို အငြင်းပွားမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

 

ဖိလစ်ပိုင်၊ ဗီယကမ်နမ်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဘရူနိုင်းနိုင်ငံတို့ကပါ ၎င်းတို့ပိုင်ဆိုင်ကြောင်း ပြောဆိုထားတဲ့ တောင်တရုတ်ပင်လယ်ထဲက ရေပိုင်နက်အများအပြားကို တရုတ်နိုင်ငံ ၎င်းပိုင်ဆိုင်ကြောင်း ပြောပါတယ်။

 

တရုတ်နိုင်ငံရဲ့ အဲဒီလိုပြောဆိုချက်တွေဟာ နိုင်ငံတကာဥပဒေအရ အခြေအမြစ်မရှိတဲ့ပြောဆိုချက်တွေသာဖြစ် ကြောင်း ၂၀၁၆ ခုနှစ်က နိုင်ငံတကာအနုညာတတရားရုံးက သတ်မှတ်ခဲ့ပါတယ်။

 

Ref: China military ‘drove away’ US destroyer in South China Sea

 

#PeopleMedia


Share this post