• Follow Us on

Home တောင်တရုတ်ပင်လယ်တွင်း အငြင်းပွားမှုတွေမြင့်တက်နေစဉ် အမေရိကန်နဲ့ ဖိလစ်ပိုင် ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်

တောင်တရုတ်ပင်လယ်တွင်း အငြင်းပွားမှုတွေမြင့်တက်နေစဉ် အမေရိကန်နဲ့ ဖိလစ်ပိုင် ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၄

 

ဖိလစ်ပိုင်တပ်မတော်နဲ့ အမေရိကန်ရေတပ်တို့ မကြာသေးခင်ကပဲ တောင်တရုတ်ပင်လယ်တွင်း ရေတပ်စစ်ရေး လေ့ ကျင့်မှုကို ပူးတွဲကျင်းပခဲ့ပါတယ်။

 

အင်ဒို-ပစိဖိတဒေသ ပွင့်လင်းလွတ်လပ်မှု ထောက်ပံ့ရေးအတွက် ကာကွယ်ရေးအစီအစဉ်တွေ မြှင့်တင့်ဆောင်ရွက်နေ စဉ်အတွင်း ဒေသတွင်းနဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်တဲ့အနေနဲ့ အခုလို ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ တာဖြစ်ကြောင်း အမေရိကန်ရေတပ်က ပြောပါတယ်။ စစ်ရေးေ့လကျင့်မှုမှာ နှစ်နိုင်ငံ ရေတပ်တပ်ဖွဲ့ကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနဲ့ စစ်နည်းဗျူဟာများ၊ နည်းစနစ်များနဲ့ လုပ်ထုံးလုပ်နည်းများ အဆင့်မြှင့်တင်ရေးကို အဓိက အာရုံစိုက်ဆောင်ရွက်ခဲ့ပါတယ်။

 

“အမေရိကန်နဲ့ ဖိလစ်ပိုင်နိုင်ငံဟာ အလွန်ခိုင်မာတဲ့ မဟာမိတ်နိုင်ငံတွေဖြစ်ပါတယ်။ ပင်လယ်ပြင်ပိုင်ဆိုင်ထားတဲ့ မဟာ မိတ်နိုင်ငံတွေဖြစ်တာနဲ့အညီ လွတ်လပ်ပွင်လင်းတဲ့ အင်ဒို-ပစိဖိတ် ဒေသအတွက် ကျွန်တော်တို့မှာ အတူလက်တွဲဆောင် ရွက်နေတဲ့ ဘုံရည်မှန်းချက်ရှိပါတယ်။” လို့ အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီး မိုက်ကယ်ဝို့ချ်ကပြောပါတယ်။

 

စစ်ရေးလေ့ကျင့်မှုမှာ ဖိလစ်ပိုင်နိုင်ငံက Gregorio del Pilar-class ကမ်းရိုးတန်းကင်းလှည့်ရေယာဉ်တစ်စီးနဲ့ Jose Rizal-class ပဲ့ထိန်းဒုံးကျည်တပ် ဖရီးဂိတ်သင်္ဘောတစ်စီးတို့ ပါဝင်လေ့ကျင့်ခဲ့ပါတယ်။

 

အမေရိကန်ရေတပ်က P-8A Poseidon ကင်းလှည့်/ကင်းထောက် လေယာဉ်တစ်စင်း၊ အမေရိကန်အမှတ် ၇ ရေတပ်က Carl Vinson လေယာဉ်တင်သင်္ဘောအုပ်စုနဲ့အတူ ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော လေးငါးစီး ပါဝင်ဆင်နွှဲခဲ့ပါတယ်။

 

အမေရိကန် အမှတ် ၇ ရေတပ်အုပ်စုဟာ အဲဒီဒေသမှာ စစ်သင်္ဘော/ရေငုပ်သင်္ဘော အစီးရေ ၇၀၊ လေယာဉ် အစီးရေ ၁၅၀ နဲ့ တပ်ဖွဲ့ဝင် ၂၇၀၀၀ ကို တပ်ဖြန့်ချထားနိုင်စွမ်းရှိပါတယ်။

 

မကြာသေးခင်လတွေအတွင်းက ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်နေစဉ် အင်ဒို-ပစိဖိတ်ဒေသမှာ စစ်ရေးလှုပ်ရှားမှုတွေလည်း မြင့်တက်လာပါတယ်။ ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံတို့ဟာ တောင်တရုတ်ပင်လယ်တွင်းက သောင်စွယ်တန်းတွေနဲ့ ကျွန်းစုလေးတွေပိုင်ဆိုင်မှုအ တွက် အငြင်းပွားနေတာ ကာလရှည်ကြာနေပြီဖြစ်ပါတယ်။

 

Ref: US, Philippines Conduct Maritime Drills in South China Sea

 

#PeopleMedia


Share this post