• Follow Us on
Latest News

Home တောင်တွင်းကြီးမြို့တွင် နီလာထမင်းဆိုင်ရှေ့၌ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ဆယ်အိမ်မှူး (၂) ဦးတို့ သေနတ်ပစ်ခံရ၍ သေဆုံး

တောင်တွင်းကြီးမြို့တွင် နီလာထမင်းဆိုင်ရှေ့၌ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ဆယ်အိမ်မှူး (၂) ဦးတို့ သေနတ်ပစ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့၊ ရခိုင်ဘုရားကြီးဝင်းအတွင်းရှိ နီလာထမင်းဆိုင် ရှေ့အရောက်တွင် PDF များမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူး (၂) ဦးတို့ သေနတ်ပစ်ခံရ၍ သေ ဆုံးသွားကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၁၂ ရက် မွန်းလွဲ ၁ နာရီကျော်တွင် ပျဉ်းချောင်းကျေးရွာမှ တောင်တွင်းကြီးမြို့သို့ သွားရောက် သည့် အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူး (၂) ဦးတို့မှာ ရခိုင်ဘုရားကြီးဝင်းအတွင်းရှိ နီလာထမင်းဆိုင်ရှေ့အ ရောက်တွင် သေနတ်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

 

အဆိုပါသေဆုံးမူကြောင့် ပျဉ်းချောင်းကျေးရွာတွင်နေသည့် အသက် (၄၅) နှစ်အရွယ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးညွှန့်ဝင်း၊ အသက် (၄၆) နှစ်အရွယ် ဆယ်အိမ်မှူး ဦးမြင့်ဇော်နှင့် အသက်(၄၆) နှစ်အရွယ် ဦးအောင်ထွန်း တို့မှာ ကျည်ထိဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post