တောင်တွင်းကြီးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးမကို PDF ပစ်သတ်

PUBLISHED - June 24, 2024
နေပြည်တော်၊ ဇွန် ၂၄
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားအပိုင်၊ ညာဂမိုးအုပ်စု၊ ဖျောက်ဆိပ်ကုန်းကျေးရွာတွင် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ရပ်ကျေးစာရေးမတစ်ဦးတို့အား PDF အဖွဲ့ဝင်များမှ ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။
ယနေ့ ဇွန်လ (၂၄)ရက် နံနက် (၁၁)နာရီ (၅)မိနစ်အချိန်ခန့်က ဖျောက်ဆိပ်ကုန်းကျေးရွာ ရပ်ကျေးစာရေးမ ဒေါ်ဌေးဌေးမြင့်၏ နေအိမ်တွင် ညာဂမိုးအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးညွန့်ဝင်းနှင့် ရပ်ကျေးစာရေးမ ဒေါ်ဌေးဌေး မြင့်တို့ (၂)ဦး ရှိနေစဉ် နေအိမ်အတွင်းသို့ ဆိုင်ကယ်တစ်စီးဖြင့် PDF (၂)ဦး ဝင်ရောက်လာကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။
ယင်းသို့ ပစ်ခတ်ခံရမှုကြောင့် ဦးညွန့်ဝင်းတွင် နောက်စေ့ဖေါက်ဝင်ပြီး ဝဲပါးဖေါက်ထွက်ဒဏ်ရာ (၁)ချက်၊ ဒေါ်ဌေးဌေးမြင့်တွင် ယာနားထင်ဖေါက်ဝင် ဒဏ်ရာ (၁)ချက်၊ ယာပါး ဖေါက်ဝင်ဒဏ်ရာတို့ဖြင့် အခင်းဖြစ်ပွါး သည့်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
#PeopleMedia