တောင်ဒဂုံမြို့နယ် (၁၀၇)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ကို စစ်သွေးကြွတွေ သတ်ဖြတ်
PUBLISHED - September 20, 2024
နေပြည်တော်၊ စက်တင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ (၁၀၇)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားသည်။
ယနေ့ စက်တင်ဘာလ (၂၀) ရက် နံနက် (၉)နာရီ (၁၅)မိနစ်အချိန်က တောင်ဒဂုံမြို့နယ်၊ (၁၀၇)ရပ်ကွက်၊ ငုဝါမြိုင်လမ်းရှိ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းနှင့် ရာအိမ်မှူး ဦးဆွေမြင့်အောင်တို့ကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။
ယင်းသို့ ပစ်ခတ်ခံရမှုကြောင့် အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းနှင့် ရာအိမ်မှူး ဦးဆွေမြင့်အောင်တို့တွင် သေနတ်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်ပွါးသည့်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
#PeopleMedia