• Follow Us on

Home တောင်သာမြို့တွင် တောင်ယာစိုက်ခင်းထဲ၌ ဦးလေးနှင့် တူမဖြစ်သူတို့ သေနတ်ပစ်ခံရ၍ သေဆုံး

တောင်သာမြို့တွင် တောင်ယာစိုက်ခင်းထဲ၌ ဦးလေးနှင့် တူမဖြစ်သူတို့ သေနတ်ပစ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တော်သာမြို့၊ ကြာပို့ကျေးရွာ၏ တောင်ဘက် (၁) မိုင်ခန့်အကွာရှိ တောင်ယာစိုက်ခင်းထဲတွင် အလုပ်လုပ်နေသည့် ဦးလေးနှင့် တူမဖြစ်သူတို့ သေနတ်ပစ်ခံရ၍ သေဆုံး သွားကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၂၆ ရက် ညနေ ၄ နာရီဝန်းကျင်တွင် ဦးလေးနှင့် တူမဖြစ်သူတို့ တောင်ယာစိုက်ခင်းထဲတွင် အလုပ်လုပ်နေစဉ်အတွင်း မော်တော်ဆိုင်ကယ်ဖြင့် PDF များရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း သိရသည်။

 

ထိုသေနတ်ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသူများမှာ ရွာဘဲကျေးရွာတွင်နေထိုင်သည့် အသက် (၅၃) နှစ် အရွယ် ဦးကံဝင်းနှင့် ကြာပို့ကျေးရွာတွင် နေထိုင်သည့် အသက် (၃၉) နှစ်အရွယ် ဒေါ်ဌေးဌေးဆွေတို့ဖြစ် ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post