• Follow Us on

Home တောင်သာမြို့တွင် မြို့နယ်ထွေ/အုပ်ရပ်ကျေးစာရေး အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

တောင်သာမြို့တွင် မြို့နယ်ထွေ/အုပ်ရပ်ကျေးစာရေး အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၇

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ထန်းပင်ကန် မြောက်ဘက်ရှိ ကြက်သွန်ခင်းမှ နေ အိမ်သို့ပြန်လာသည့် မြို့နယ်ထွေ/အုပ်ရပ်ကျေးစာရေး အမျိုးသားတစ်ဦးကို PDF များမှ သေနတ်ပစ်ခတ်သွား ကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၂၅ ရက် ညနေ ၆ နာရီကျော်တွင် ဦးဟန်ထွန်းအောင်မှာ ကြက်သွန်ခင်းကြည့်ပြီး နေအိမ်သို့ မော် တော်ဆိုင်ကယ်ဖြင့် မောင်းနှင်လာစဉ် ထန်းပင်ကန်ကျေးရွာ၏ မြောက်ဘက်အရောက်တွင် PDF များမှ ထို အမျိုးသားကို သေနတ်ဖြင့်ပစ်ခတ်လိုက်ကြောင်း သိရသည်။

 

ထိုသေနတ်ပစ်ခံရသည့် အသက်(၄၈) နှစ်အရွယ် ဦးဟန်ထွန်းအောင်မှာ သေဆုံးသွားကြောင်း၊ ယင်းဖြစ်စဉ်နှင့် အတူ ပြီးခဲ့သည့် လပိုင်းကလည်း နွားထိုးကြီးမြို့တွင် ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးဥက္ကဌတစ်ဦးမှာ ၎င်း၏ အစ်ကို ဖြစ်သူနာရေးသို့ မော်တော်ဆိုင်ကယ်ဖြင့်သွားစဉ် PDF များမှ သေနတ်ဖြင့်ပစ်ခတ်သွားသည်။

 

Photo – Credit

 

#PeopleMedia


Share this post