တောင်သာမြို့တွင် ရာအိမ်မှူးတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး
PUBLISHED - January 5, 2024
နေပြည်တော်၊ ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့၊ ချောင်းနားကျေးရွာထိပ်တွင် PDF များမှ ရာအိမ်မှူးတစ်ဦး ကို သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။
ဇန်နဝါရီလ ၄ ရက် မွန်းလွဲ ၂ နာရီကျော်တွင် ချောင်းနားကျေးရွာတွင် နေသည့် ရာအိမ်မှူး ဦးစန်းလွင်မှာ ဇနီး ဖြစ်သူနှင့်အတူ မော်တော်ဆိုင်ကယ်ဖြင့် ထိုကျေးရွာအနောက်ဘက် (၂) ဖာလုံခန့်အကွာရှိ ကြက်သွန်စိုက်ခင်း သို့သွားပြီး နေအိမ်သို့ပြန်လာစဉ် ချောင်းနားကျေးရွာထိပ်တွင် သေနတ်ပစ်ခံရကြောင်း သိရသည်။
သေနတ်ပစ်ခံရမှုကြောင့် သေဆုံးသွားသည့် အသက် (၆၄) နှစ်အရွယ် ဦးစန်းလွင်မှာ ဦးခေါင်းဘယ်ဘက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် နှင့် ဘယ်ဘက်နံဘေးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိပြီး သေဆုံး သွားကြောင်း သိရသည်။
Photo – Credit
#PeopleMedia