• Follow Us on

Home တောင်သာမြို့တွင် အသက် (၇၀) နှစ်အရွယ် အမျိုးသမီးတစ်ဦးကို PDF များမှ သေနတ်ဖြင့်ပစ်ခတ်

တောင်သာမြို့တွင် အသက် (၇၀) နှစ်အရွယ် အမျိုးသမီးတစ်ဦးကို PDF များမှ သေနတ်ဖြင့်ပစ်ခတ်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၂

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာယာမြို့နယ်၊ ရုံးစည်လေးကျေးရွာ၏ အနောက်မြောက်ဘက် (၂) မိုင်ခန့်အကွာရှိ ယာခင်းထဲ၌ အသက်(၇၀) နှစ်အရွယ် အမျိုးသမီးကို PDF များမှ သေနတ်ဖြင့်ပစ်ခတ်သွား ကြောင်း သိရသည်။

 

သေနတ်ပစ်ခတ်ခံရသည့် ဒေါ်ကုလားမမှာ ၎င်း၏သမီးဖြစ်သူမှာ ရန်ကုန်တွင် အလုပ်လုပ်ကိုင်နေသောကြောင့် သမီးဖြစ်သူ၏နေအိမ်၌ အိမ်စောင့်အဖြစ်ရှိနေစဉ်အတွင်း စက်တင်ဘာလ ၂၀ ရက် မွန်းလွဲ ၁ နာရီကျော်တွင် PDF များမှ ဇရပ်ကြီးကျေးရွာသို့ ရောက်ရှိလာပြီး ထိုဒေါ်ကုလားမကို PDF များမှ ဒလန်ဟု ဖမ်းဆီးပြီး ရုံးစည် လေးကျေးရွာ၏ အနောက်မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ ယာခင်းထဲ၌ သတ်ဖြတ်သွားကြောင်း သိရသည်။

 

ထိုသေနတ်ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသည့် အသက် (၇၀) နှစ်အရွယ် ဒေါ်ကုလားမမှာ နောက်ကျော တွင် ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက် နှင့် ညာဘက်နားအောက်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိပြီး ရုပ်အလောင်းကို တောင်သာမြို့နယ်ပြည်သူ့ ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post