• Follow Us on
Latest News

Home တောင်သာမြို့တွင် PDF များမှ နေအိမ်သို့ သေနတ်ဖြင့်လာရောက်ပစ်ခတ်ရာ အမျိုးသားတစ်ဦးသေပြီး၊ အမျိုး သမီးတစ်ဦး ဒဏ်ရာရ

တောင်သာမြို့တွင် PDF များမှ နေအိမ်သို့ သေနတ်ဖြင့်လာရောက်ပစ်ခတ်ရာ အမျိုးသားတစ်ဦးသေပြီး၊ အမျိုး သမီးတစ်ဦး ဒဏ်ရာရ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ တစ်မိုက်သာကျေးရွာရှိ နေအိမ်သို့ PDF များမှ သေနတ်ဖြင့် လာရောက်ပစ်ခတ်ရာ အမျိုးသားတစ်ဦး သေဆုံးပြီး၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

နိုဝင်ဘာလ ၂၉ ရက် နေ့လည် ၁၂ နာရီကျော်တွင် PDF များမှ တစ်မိုက်သာကျေးရွာရှိ ဒေါ်ဇာခြည်လင်း၏ နေအိမ်သို့ ရောက်ရှိလာပြီး ထိုနေအိမ်အတွင်းရှိနေသည့် ၎င်း၏တူဖြစ်သူနှင့်အတူ ထိုင်နေစဉ် သေနတ်ပစ်ခတ် ခံရကြောင်း သိရသည်။

 

ထိုသေနတ်ပစ်ခတ်ခံရမူကြောင့် သေဆုံးသွားသည့် တူဖြစ်သူ အသက် (၂၆) နှစ်အရွယ် ကိုအောင်နေဗလမှာ ဘယ်ဘက်နားထင်၊ မေးစေ့၊ ညာဘက်လက်ကောက်ဝတ်နှင့် ဘယ်/ညာပေါင်တ့ိုတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိပြီး သေဆုံးသွားကြောင်း၊ ၎င်း၏အဒေါ်ဖြစ်သူ အသက်(၄၈) နှစ်အရွယ် ဒေါ်ဇာခြည်လင်းမှာ ဝမ်းဗိုက် ကျည်ရှပ်ထိဒဏ်ရာတစ်ချက်ရရှိသောကြောင့် ဆေးကုသမူခံယူနေရကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post