• Follow Us on
Latest News

Home တောင်သာမြို့တွင် PDF များမှ အမျိုးသားတစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်၍ ၎င်း၏မော်တော်ယာဉ်အား ဓားပြတိုက်

တောင်သာမြို့တွင် PDF များမှ အမျိုးသားတစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်၍ ၎င်း၏မော်တော်ယာဉ်အား ဓားပြတိုက်

Share this post

နေပြည်တော်၊ ဇူလိုင် ၂၈

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ တောင်သာ-နွားထိုးကြီးသွားသည့် ကားလမ်းမပေါ် တွင် PDF များမှ ဦးဝင်းအောင်ကို သေနတ်ဖြင့် ပစ်ခတ်ပြီး မော်တော်ယာဉ်ကို PDF များမှ ဓားပြတိုက်ယူ ဆောင်သွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဇူလိုင်လ ၂၇ ရက် နံနက် ၁၁:၅၀ အချိန်တွင် တစ်ရွာတည်းနေ အမျိုးသားတစ်ဦး၏ ထော်လာဂျီ တစ်စီးအား ပြုပြင်ရန်အတွက် ဦးဝင်းအောင်ဌေးနှင့် တူမဖြစ်သူတို့ မောင်းနှင်လိုက်ပါလာသည့် လိုက်ထရပ် အဖြူရောင်ယာဉ်မှ ထိုထော်လာဂျီကို ကြိုးဖြင့်ဆွဲလာရာ တောင်သာ-နွားထိုးကြီးသွားသည့် ကားလမ်းမ အရောက်တွင် PDF များမှ ထိုယာဉ်အား ရပ်တန့်ပြီး မော်တော်ယာဉ်ပေါ်မှ လိုက်ပါလာသူများ ဆင်းရန်ပြောပြီး ထိုယာဉ်ပေါ်တွင် လိုက်ပါလာသူများကို လမ်းမပေါ်၌ ဝမ်းလျားမှောက်ခိုက်ပြီး PDF များမှ ဦးဝင်းအောင်ဌေး တစ်ဦးထဲကို သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

 

ထို PDF များမှ ဦးဝင်းအောင်ဌေး၏ လိုက်ထရပ်အဖြူရောင်ယာဉ်ကို ယူဆောင်သွားကြောင်း၊ ထိုသတ်ဖြတ်ခံရ သည့် ဦးဝင်းအောင်ဌေးမှာ တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာတွင် နေသူများဖြစ်ကြောင်း သိရသည်။

 

Photo – Credit

 

#Newvisionmedia


Share this post