တောင်သာမြို့နယ်တွင် အဝေးသင်စာမေးပွဲ ဖြေဆိုပြီး နေအိမ်ပြန်သည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးကို စစ်သွေးကြွများ သတ်ဖြတ်
PUBLISHED - November 2, 2024
နေပြည်တော်၊ နိုဝင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ တောင်ရိုးဇလုပ်ကျေးရွာတွင် အဝေးသင်စာမေးပွဲ ဖြေဆိုပြီး နေအိမ်ပြန်သည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ သတ်ဖြတ်သွားကြောင်း သိရသည်။
နိုဝင်ဘာလ (၁)ရက် နံနက် (၉)နာရီအချိန်က ရုံးစည်ကြီးရဲစခန်းမှ တက္ကသိုလ် စာမေးပွဲဖြေဆိုခွင့်ဖြင့် သွားရောက်ခဲ့သော ရဲတပ်သား ချမ်းငြိမ်းအောင်သည် တောင်ရိုးဇလုပ်ကျေးရွာရှိ ၎င်း၏ မိဘများရှိရာ နေအိမ်သို့ ပြန်သွားစဉ် စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရသည်။
ရဲတပ်သား ချမ်းငြိမ်းအောင် အနေဖြင့် တက္ကသိုလ် စာမေးပွဲဖြေဆိုပြီးနောက် ၎င်း၏တပ်ဖွဲ့သို့ သွားရောက် သတင်းပေးပို့ခြင်း မရှိဘဲ တောင်ရိုးဇလုပ်ကျေးရွာသို့ သွားရောက်စဉ် စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ သတ်ဖြတ်သွားခြင်းဖြစ်သည်။
#PeopleMedia