• Follow Us on

Home တောင်သာမြို့နယ်ရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းလုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား PDF များက ပစ်ခတ်တိုက်ခိုက်၊ တောင်သာစွပ်ကျယ်စက်ရုံနှင့် မော်တော်ယာဉ်များကို မီးရှို့ဖျက်ဆီး

တောင်သာမြို့နယ်ရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းလုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား PDF များက ပစ်ခတ်တိုက်ခိုက်၊ တောင်သာစွပ်ကျယ်စက်ရုံနှင့် မော်တော်ယာဉ်များကို မီးရှို့ဖျက်ဆီး

Share this post

နေပြည်တော်၊ ဩဂုတ် ၁၃

 

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ မင်းကန်ကျေးရွာအနီးရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းအား ယမန်နေ့ နံနက်ပိုင်းတွင် PDF အမည်ခံအကြမ်းဖက်သမားများသည် နှောင့်ယှက်ဖျက်ဆီးရန်ရည်ရွယ်ချက်ဖြင့် ပိုက်လိုင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ တောင်ဘက် မီတာ ၃၀၀ ခန့်အကွာမှနေ၍ လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် အရှေ့ ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

 

ထို့ပြင် PDF အမည်ခံအကြမ်းဖက်သမားများသည် ယမန်နေ့နေ့လယ်ပိုင်းတွင် တောင်သာမြို့၏ မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာရှိ စက်မှုဝန်ကြီးဌာနလက်အောက်ရှိ တောင်သာစွပ်ကျယ်စက်ရုံသို့ မော်တော်ဆိုင်ကယ် ၇ စီးဖြင့် ရောက်ရှိလာပြီး စက်ရုံဝန်းတံခါးအား ရိုက်ချိုးဖျက်ဆီး၍ စက်ရုံအုပ်ချုပ်မှုရုံးနှင့် ရုံးပိုင်မော်တော်ယာဉ် ၂ စီးကို မီးရှို့ဖျက်ဆီးခဲ့သည်။ ယင်းနောက် စက်ရုံဝန်ထမ်းများပိုင်ဆိုင်သည့် မော်တော်ဆိုင်ကယ် ၃ စီးအား ယူ ဆောင်၍ လာရာလမ်းအတိုင်း ပြန်လည်ထွက်ပြေးသွားခဲ့ကြောင်းနှင့် အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးခဲ့မှု ကြောင့် စက်ရုံဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post