• Follow Us on
Latest News

Home တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာ၌ စစ်သွေးကြွများ အထိုင်ချပြီး ဂိတ်ဖွင့် ဆက်ကြေးတောင်းနေမှုကို တိုင်းအစိုးရ မရှင်းလင်းနိုင်

တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာ၌ စစ်သွေးကြွများ အထိုင်ချပြီး ဂိတ်ဖွင့် ဆက်ကြေးတောင်းနေမှုကို တိုင်းအစိုးရ မရှင်းလင်းနိုင်

Share this post

နေပြည်တော်၊ ဩဂုတ် ၁

 

မန္တလေးတိုင်းဒေသကြီး၊ ရုံးစည်ကြီးကျေးရွာ ဇရပ်တွင် စစ်သွေးကြွ PDF များ အထိုင်ချပြီး ဂိတ်ဖွင့် ဆက်ကြေး တောင်းနေမှုများကို တိုင်းအစိုးရက မရှင်းလင်းနိုင်သေးကြောင်း သိရသည်။

 

ဇူလိုင်လ (၂၉) ရက်မှစတင်ကာ လက်ရှိအချိန်ထိ ရုံးစည်ကြီးကျေးရွာ ဇရပ်တွင် စစ်သွေးကြွ PDF အဖွဲ့ဝင် အင်အား (၇၀) ခန့်သည် အထိုင်ချကာ ဂိတ်ဖွင့် ဆက်ကြေးတောင်းနေကြောင်း သိရသည်။

 

စစ်သွေးကြွ PDF အဖွဲ့ဝင်များအနေဖြင့် ရုံးစည်ကြီးဇရပ်ကို ဖြတ်သန်းသွားလာသည့် ယာဉ်များပေါ်မှ တပ်မတော်နှင့်ပတ်သတ်သည့် ပစ္စည်းများ ပါလာခြင်း၊ Mytel ဆင်းကတ် ကိုင်ဆောင်လာခြင်းများကို တွေ့ရှိပါက ဒဏ်ငွေဆောင်ခိုင်ခြင်း၊ ထိုင်ထ အကြိမ် (၁၀၀) ပြုလုပ်ခိုင်းခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

 

ယင်းသို့ ဇူလိုင်လ (၂၉)ရက်မှ လက်ရှိအချိန်ထိ စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် ရုံးစည်ကြီးဇရပ်အနီး ကားလမ်းပေါ်တွင် ပေါ်ပေါ်ထင်ထင် ဆက်ကြေးကောက်ခံနေသောလည်း တိုင်းအစိုးရမှ ရှင်းလင်းနိုင်မှု မရှိသေးကြောင်း သိရသည်။

 

#PeopleMedia


Share this post