• Follow Us on
Latest News

Home တောင်သာမြို့နယ် ကျွဲတလင်းပြည်သူ့စစ်ကျေးရွာကို PDF တွေ တိုက်ခိုက်ပြီး ရွာကို မီးရှို့ဖျက်ဆီးသွား

တောင်သာမြို့နယ် ကျွဲတလင်းပြည်သူ့စစ်ကျေးရွာကို PDF တွေ တိုက်ခိုက်ပြီး ရွာကို မီးရှို့ဖျက်ဆီးသွား

Share this post

နေပြည်တော်၊ ဇူလိုင် ၁၁

 

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ကျွဲတလင်းပြည်သူ့စစ်ကျေးရွာကို PDF အဖွဲ့ဝင်များမှ တိုက်ခိုက်ပြီး ကျေးရွာကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

 

ယနေ့ ဇူလိုင်လ (၁၁)ရက် နံနက် (၅)နာရီခန့်က တောင်သာမြို့နယ်၊ ကျွဲတလင်းပြည်သူ့စစ်ကျေးရွာကို PDF အဖွဲ့ဝင်များမှ အင်အားအများအပြားဖြင့် စတင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲတွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေဖြင့် အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့သော်လည်း လက်နက် အင်အား မမျှခြင်း၊ ကျည်မလုံလောက်ခြင်းတို့ကြောင့် ကျေးရွာမှ ဆုတ်ခွါပေးလိုက်ရကြောင်း သိရသည်။

 

အဆိုပါ တိုက်ပွဲတွင် ကျွဲတလင်းကျေးရွာမှ ပြည်သူ့စစ် (၄)ဦး သေဆုံးသွားပြီး (၅)ဦးကို PDF အဖွဲ့ဝင်များမှ ဖမ်းဆီးသွားကြောင်းနှင့် ကျေးရွာကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

 

လက်ရှိအချိန်တွင် PDF အဖွဲ့ဝင်များသည် တောင်သာမြို့၏ အရှေ့ဘက် (၄)မိုင်ခန့်အကွာရှိ ဇရပ်ကြီးကျေးရွာ တွင် အင်အားအများအပြား စုဖွဲ့နေကြောင်း သိရသည်။

 

#PeopleMedia


Share this post