• Follow Us on

Home တောင်သာမြို့နယ် ဇဂျမ်းရဲစခန်းကို စစ်သွေးကြွတွေ ဝင်တိုက်၊ တပ်မတော်က လေကြောင်းဖြင့် ရှင်းလင်းမှုကြောင့် စစ်သွေးကြွတွေ ဆုတ်ခွါထွက်ပြေး

တောင်သာမြို့နယ် ဇဂျမ်းရဲစခန်းကို စစ်သွေးကြွတွေ ဝင်တိုက်၊ တပ်မတော်က လေကြောင်းဖြင့် ရှင်းလင်းမှုကြောင့် စစ်သွေးကြွတွေ ဆုတ်ခွါထွက်ပြေး

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၁၂

 

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဇဂျမ်းကန်မြဲကျေးရွာ ရဲစခန်းကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

 

နိုဝင်ဘာလ (၁၁)ရက် ညနေ (၄)နာရီ (၄၅)မိနစ်ခန့်မှ စတင်ကာ တောင်သာမြို့နယ်၊ ဇဂျမ်းကန်မြဲကျေးရွာ ရဲစခန်းကို စစ်သွေးကြွ PDF အဖွဲ့ဝင် အင်အား (၇၀)ခန့်မှ အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွါးခဲ့သည်။

 

အဆိုပါ တိုက်ပွဲတွင် စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် လက်နက်မျိုးစုံဖြင့် ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွါးပြီးနောက် မိနစ် (၄၀)ခန့်အကြာတွင် တပ်မတော်မှ ရဟတ်ယာဉ်ဖြင့် ပစ်ကူပေးခဲ့ကြောင်း သိရသည်။

 

တပ်မတော်မှ ရဟတ်ယာဉ်ဖြင့် ရှင်းလင်းမှုကြောင့် စစ်သွေးကြွ PDF အဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများ ရှိသဖြင့် ဆုတ်ခွါထွက်ပြေးသွားပြီး စစ်သွေးကြွများထံမှ RPG များနှင့် ကျည်ဆံများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post