• Follow Us on

Home တောင်သာမြို့နယ် နတ်စောင့်ဓာတ်အားခွဲစက်ရုံကို စစ်သွေးကြွတွေ ဖောက်ခွဲဖျက်ဆီး၊ ဓာတ်အားခွဲရုံ တာဝန်ခံ၏ မိသားစုဝင် (၆)ဦးကိုပါ မီးရှို့သတ်ဖြတ်သွား

တောင်သာမြို့နယ် နတ်စောင့်ဓာတ်အားခွဲစက်ရုံကို စစ်သွေးကြွတွေ ဖောက်ခွဲဖျက်ဆီး၊ ဓာတ်အားခွဲရုံ တာဝန်ခံ၏ မိသားစုဝင် (၆)ဦးကိုပါ မီးရှို့သတ်ဖြတ်သွား

Share this post

နေပြည်တော်၊ ဩဂုတ် ၂၀

 

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ နတ်စောင့်ကျေးရွာရှိ ဓာတ်အားခွဲစက်ရုံကို စစ်သွေးကြွ PDF အဖွဲ့ဝင်များက ဖောက်ခွဲဖျက်ဆီးသွားပြီး ဓာတ်အားခွဲရုံ တာဝန်ခံ၏ မိသားစုဝင် (၆)ဦးကိုပါ မီးရှို့ သတ်ဖြတ်သွားကြောင်း သိရသည်။

 

ဩဂုတ်လ (၁၉)ရက် နံနက် (၁၀)နာရီ (၅၀)မိနစ်အချိန်က နတ်စောင့်ဓာတ်အားခွဲစက်ရုံကို စစ်သွေးကြွ PDF ပူးပေါင်းအဖွဲ့ဝင် အင်အား (၂၀)ခန့်သည် ဖောက်ခွဲဖျက်ဆီးသွားကြောင်း သိရသည်။

 

ယင်းအပြင် စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် ဓာတ်အားခွဲရုံ တာဝန်ခံ လျှပ်စစ်ဝန်ထမ်း ဦးဝင်းဇော်၏ဖခင် ဦးလှထွေး၊ အစ်မဖြစ်သူ ဒေါ်လှအေးနှင့် ကျောင်းနေအရွယ် ကလေး (၄)ဦး စုစုပေါင်း (၆)ဦးအား ခွဲရုံဝန်း အတွင်းရှိ နေအိမ်အတွင်း ပိတ်လှောင်ထည့်ကာ မီးရှို့သတ်ဖြတ်သွားကြောင်း သိရသည်။

 

စစ်သွေးကြွ PDF အဖွဲ့ဝင်များ ဖောက်ခွဲဖျက်ဆီးခဲ့သည့် တောင်သာမြို့နယ်၊ နတ်စောင့်ဓာတ်အားခွဲစက်ရုံသည် တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၅၃)ရွာအား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနေသော ဓာတ်အားခွဲ စက်ရုံဖြစ်သည်။

 

#PeopleMedia


Share this post