• Follow Us on

Home တောင်သာမြို့နယ် ပုဒါတ်စာကုန်းကျေးရွာရှိ ပြည်သူ့စစ်အဖွဲ့ဝင်များကို စစ်သွေးကြွများ လာရောက်တိုက်ခိုက်၊ စစ်သွေးကြွများ၏ ပစ်ခတ်မှုကြောင့် အသက် (၇၀)အရွယ် အမျိုးသားတစ်ဦး စိုးရိမ်ရ ဒဏ်ရာ ရရှိ

တောင်သာမြို့နယ် ပုဒါတ်စာကုန်းကျေးရွာရှိ ပြည်သူ့စစ်အဖွဲ့ဝင်များကို စစ်သွေးကြွများ လာရောက်တိုက်ခိုက်၊ စစ်သွေးကြွများ၏ ပစ်ခတ်မှုကြောင့် အသက် (၇၀)အရွယ် အမျိုးသားတစ်ဦး စိုးရိမ်ရ ဒဏ်ရာ ရရှိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၅

 

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ပုဒါတ်စာကုန်းကျေးရွာရှိ ပြည်သူ့စစ်အဖွဲ့ဝင်များကို စစ်သွေးကြွ PDF အဖွဲ့ဝင်များက လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ယနေ့ စက်တင်ဘာလ (၅)ရက် နံနက် (၆)နာရီ (၁၅)မိနစ်အချိန်က ပုဒါတ်စာကုန်းကျေးရွာရှိ ပြည်သူ့စစ် အဖွဲ့ဝင်များကို စစ်သွေးကြွ PDF အဖွဲ့ဝင်များက ကျေးရွာ၏ အရှေ့ဘက်၊ တောင်ဘက်၊ မြောက်ဘက်တို့မှ (၃)နေရာခွဲကာ တိုက်ခိုက်ခဲ့သည်။

 

ယင်းသို့ စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် ပုဒါတ်စာကုန်းကျေးရွာမှ ပြည်သူ့စစ်အဖွဲ့ဝင်များသည် ကျေးရွာ၏ အနောက်ဘက်သို့ ဆုတ်ခွါပြီး ထနောင်းကုန်း ပြည်သူ့စစ်အဖွဲ့နှင့် ပူးပေါင်းခဲ့သည်။

 

ယင်းနောက် စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် ပုဒါတ်စာကုန်းကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ကျေးရွာအတွင်းရှိ နေအိမ် (၆)လုံးကို မီးရှို့ခဲ့ပြီး ဆိုင်ကယ် (၇)စီး ကိုယူဆောင်သွားကာ ပုဒါတ်စာကုန်းကျေးရွာ၏ မြောက်ဘက် (၄)မိုင်ခန့်အကွာရှိ နတ်စောင့်ကျေးရွာဘက်သို့ ထွက်ခွါသွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ပွဲတွင် စစ်သွေးကြွ PDF အဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ပုဒါတ်စာကုန်းကျေးရွာတွင် နေထိုင်သည့် အသက် (၇၀)အရွယ်ရှိ ဦးဝင်းရှိန်၏ ဝဲဘက်နောက်ကျောမှ ဝမ်းဗိုက်ဖောက်ဝင် ဒဏ်ရာ (၁)ချက် (စိုးရိမ်ရ) ရရှိခဲ့သဖြင့် ပုဒါတ်စာကုန်း လူမှုကူညီရေး အသင်းကားဖြင့် တောင်သာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post