• Follow Us on
Latest News

Home တောင်သာမြို့နယ် ဝဲလောင်ဓာတ်အားခွဲရုံကို စစ်သွေးကြွ PDF တွေ ဝင်တိုက်၊ တပ်ကြပ်ကြီးတစ်ဦးနှင့် အုပ်ချုပ်ရေးမှူးတစ်ဦး ကျဆုံးကာ ပြည်သူ့စစ်လေးဦး ဖမ်းဆီးခံရ

တောင်သာမြို့နယ် ဝဲလောင်ဓာတ်အားခွဲရုံကို စစ်သွေးကြွ PDF တွေ ဝင်တိုက်၊ တပ်ကြပ်ကြီးတစ်ဦးနှင့် အုပ်ချုပ်ရေးမှူးတစ်ဦး ကျဆုံးကာ ပြည်သူ့စစ်လေးဦး ဖမ်းဆီးခံရ

Share this post

နေပြည်တော်၊ ဩဂုတ် ၁၀

 

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဝဲလောင်ဓာတ်အားခွဲရုံကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ဝင်ရောက်တိုက်ခိုက်မှုကြောင့် တပ်ကြပ်ကြီးတစ်ဦးနှင့် အုပ်ချုပ်ရေးမှူးတစ်ဦး ကျဆုံးကာ ပြည်သူ့စစ်တပ်ဖွဲ့ဝင် လေးဦး ဖမ်းဆီးခံရကြောင်း သိရသည်။

 

ယနေ့ ဩဂုတ်လ (၁၀)ရက် နံနက် (၅)နာရီ (၁၅)မိနစ်အချိန်က ဝဲလောင်ကျေးရွာသို့ စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် ဖောကားများဖြင့် ရောက်ရှိလာကာ ဝဲလောင်ဓာတ်အားခွဲရုံကို စီးနင်းတိုက်ခိုက်ခဲ့သည်။

 

အဆိုပါ တိုက်ပွဲအတွင်း စစ်သွေးကြွ PDF အဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် တပ်ကြပ်ကြီးတစ်ဦးနှင့် အုပ်ချုပ်ရေးမှူးတစ်ဦး ကျဆုံးသွားပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင် လေးဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

 

ယနေ့ နံနက် (၅)နာရီခန့်ကလည်း မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့ကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ဝင်ရောက်တိုက်ခိုက်လျက် ရှိနေကြောင်း သိရသည်။

 

#PeopleMedia


Share this post