• Follow Us on
Latest News

Home တောင်သာမြို့ရှိ မြို့နယ်အုပ်ချုပ်ရေးရုံး ဒရုန်းဖြင့် တိုက်ခိုက်ခံရ

တောင်သာမြို့ရှိ မြို့နယ်အုပ်ချုပ်ရေးရုံး ဒရုန်းဖြင့် တိုက်ခိုက်ခံရ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၃

 

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့၊ မြို့နယ်အုပ်ချုပ်ရေးရုံးအတွင်းရှိ မြို့နယ်အုပ်ချုပ်ရေးရုံးခန်းနှင့် လုံခြုံ ရေး အဆောက်အဦးပေါ်သို့ PDF အဖွဲ့ဝင်များမှ ဒရုန်းဖြင့် ဗုံးများ ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

စက်တင်ဘာလ (၂၂) ရက် ည (၈) နာရီ (၂၅) မိနစ်အချိန်က PDF အဖွဲ့ဝင်များမှ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေး ရုံးခန်း မျက်နှာကျက် ဘေးနံရံများ စပန်နာစထိမှန်ပြီးနောက် ခေါင်အုပ်သွပ် ပျက်စီးကာ အခန်းမှန် (၄) ချပ် ကွဲအက်ပျက်စီးသွားပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post