တောင်သာ-နွားထိုးကြီးသွားကားလမ်းပေါ်၌ သွားလာလျက်ရှိသည့် ပိုင် TTA ခရီးသည်နှင့် ကုန်စည်ပို့ဆောင် ရေးယာဉ် ၁၁ စီးကို PDF လုယက်၊ လုံခြုံရေးတပ်ဖွဲ့မှဆောင်ရွက်ပေးမှုကြောင့် ယာဉ် ၁၁ စီးအား ထိခိုက်ပျက်စီး မှုမရှိဘဲ ပြန်လည်ရရှိ

PUBLISHED - July 4, 2024
နေပြည်တော်၊ ဇူလိုင် ၄
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ရန်ကင်းသာစည်ကျေးရွာနှင့် နွားထိုးကြီးမြို့နယ်၊ ရွှေကြာအင်း ကျေးရွာကြား၌ ဇူလိုင် ၂ ရက်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက မော်တော်ယာဉ် ၃ စီးဖြင့် ရောက်ရှိ လာပြီး တောင်သာ- နွားထိုးကြီးသွား ကားလမ်းအတိုင်း သွားလာနေသည့် ခရီးသွားမော်တော်ယာဉ်များအား တားဆီးစစ်ဆေးပြီး မော်တော်ယာဉ် ၁၁ စီးအား လုယက်မောင်းနှင်သွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများသည် တောင်သာ-နွားထိုးကြီးမြို့နယ် ကားလမ်းအတိုင်းသွားလာနေသည့် ခရီးသွားမော်တော်ယာဉ်များအနက် ပိုင် TTA ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး မော်တော်ယာဉ်များကို တားဆီးစစ်ဆေးခြင်းများပြုလုပ်၍ ယာဉ် မောင်းများနှင့် ခရီးသည်များအား ပြန်လွှတ်ပေးပြီး ပိုင် TTA ပိုင်ဆိုင်သည့် AD Van မော်တော်ယာဉ် ၄ စီး၊ Succed မော်တော်ယာဉ် ၂ စီး၊ Probox မော်တော်ယာဉ် ၃ စီးနှင့် ၆ ဘီးကုန်တင်ယာဉ် ၂ စီး၊ စုစုပေါင်းမော် တော်ယာဉ် ၁၁ စီးတို့အား လုယက်ယူဆောင်၍ နွားထိုးကြီးမြို့နယ်ဘက်သို့ မောင်းနှင်ထွက်သွားခဲ့ကြောင်း သိရသည်။
လုယက်မှုဖြစ်ပွားရာနေရာသို့ ယင်းနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွား ရောက်စစ်ဆေးခဲ့ပြီး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၃ နာရီခန့်တွင် ရွှေကြာ အင်းကျေးရွာအနီး၌ အကြမ်းဖက်သမားများ ယူဆောင်သွားသည့် မော်တော်ယာဉ် ၁၁ စီးအား ထိခိုက်ပျက်စီး မှုမရှိဘဲ ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။
#PeopleMedia