တောင်သာ- မလှိုင်ကားလမ်းရှိ အောင်သာရွာအနီးတွင် စစ်သွေးကြွတွေက ဆက်ကြေးကောက်နေ
PUBLISHED - August 20, 2024
နေပြည်တော်၊ ဩဂုတ် ၂၀
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ တောင်သာ – မလှိုင်ကားလမ်းရှိ အောင်သာကျေးရွာအနီးတွင် စစ်သွေးကြွ PDF အဖွဲ့ဝင် အင်အား (၅၀)ခန့်သည် ဖြတ်သန်းသွားလာသည့် ယာဉ်များထံမှ ဆက်ကြေး ကောက်နေကြောင်း သိရသည်။
ယနေ့ ဩဂုတ်လ (၂၀)ရက် နံနက် (၉)နာရီခန့်မှ စတင်ကာ စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် တောင်သာ မြို့နယ် အောင်သာကျေးရွာ အနီးတွင် တောင်သာ- မလှိုင်ကားလမ်းကို ဖြတ်သန်းသွားလာနေသည့် ယာဉ်များ ကို တားဆီးကာ ဆက်ကြေးကောက်နေခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် တောင်သာ- မလှိုင်ကားလမ်းဘေးရှိ ဆက်သွယ်ရေး တာဝါတိုင်ကို ဖျက်ဆီးကာ တာဝါတိုင်မှ ပစ္စည်းများအား ဖြုတ်ယူသွားကြောင်း သိရသည်။
#PeopleMedia