• Follow Us on

Home တောင်အတွင်း မျှစ်သွားချိုးသည့် အမျိုးသားတစ်ဦး မိုင်းပေါက်ကွဲ၍ဒဏ်ရာရ

တောင်အတွင်း မျှစ်သွားချိုးသည့် အမျိုးသားတစ်ဦး မိုင်းပေါက်ကွဲ၍ဒဏ်ရာရ

Share this post

နေပြည်တော်၊ သြဂုတ် ၃၀

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကညင်ချောင်းကျေးရွာအနီးရှိ တောစပ်သို့ မျှစ်သွားချိုးသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ပေါက်ကွဲရာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဩဂုတ်လ ၂၉ ရက် နံနက် ၈ နာရီတွင် ကညင်ချောင်းကျေးရွာအနီးရှိ ရာဘာခြံအတွင်းနေထိုင်သူ  ရာဘာခြံ လုပ်သား ဦးအောင်ဆန်းဦးသည် ဦးနိုင်လင်းနှင့်အတူ မျှစ်ရှာရန်အတွက် ရာဘာခြံအနီးရှိ တောတွင်းသို့သွားစဉ်  KNU/PDF များထောင်ထားသည့် လက်လုပ်မိုင်းအား နင်းမိ၍ ပေါက်ကွဲသွားကြောင်း သိရသည်။

 

ထိုမိုင်းပေါက်ကွဲမူကြောင့် ဦးအောင်ဆန်းဦးမှာ ညာဘက် ခြေသလုံးပြတ်ရှအရိုးထွက်ဒဏ်ရာ၊ ဘယ်ဘက်ခြေ ဖမိုး/ခြေဖဝါး ပေါက်ပြဲဒဏ်ရာများ ရရှိပြီး သထုံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသထားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post