တောင်အာဖရိက သံအမတ်ကို အမေရိကန်အစိုးရ နှင်ထုတ်

PUBLISHED - March 17, 2025
နိုင်ငံတကာ၊ မတ် ၁၇
တောင်အာဖရိကသံအမတ်ဟာ အမေရိကန်လူမျိုးတွေနဲ့ သမ္မတဒေါ်နယ်ထရမ့်ကို မုန်းတီးနေတဲ့ “လူမျိုးရေး သွေးထိုးလှုံ့ဆော်တဲ့ နိုင်ငံရေးသမား” တစ်ယောက်ဖြစ်ကြောင်း ပြောဆိုရင်း တောင်အာဖရိကသံအမတ်ကို အမေရိနိုင်ငံက နိုင်ငံတွင်းက နှင်ထုတ်လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက မတ်လ ၁၄ ရက်နေ့ (သောကြာနေ့) က ပြောကြား လိုက်ပါတယ်။
တောင်အာဖရိကနိုင်ငံက မြေရာမူဝါဒနဲ့ ဝါရှင်တန်ရဲ့ မဟာမိတ် အစ္စရေးကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ နိုင်ငံတကာ တရား ရုံး ICJ မှာတင်ခဲ့တာနဲ့ ပတ်သက်ပြီး သမ္မတဒေါ်နယ်ထရမ့်က တောင်အာဖရိကအတွက် ဘဏ္ဍာရေးအကူ အညီတွေဖြတ် တောက်ခဲ့ပြီးနောက် အမေရိကန်နဲ့ တောင်အာဖရိကကြား ဆက်ဆံရေးတွေ ပျက်ယွင်းလာ ခဲ့ပါတယ်။
“အမေရိကန်နိုင်ငံဆိုင်ရာ တောင်အာဖရိကသံအမတ်ကို ကျွန်တော်တို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့နိုင်ငံက ဆက်လ က်ကြို ဆိုခြင်းမပြုတော့ပါဘူူး။ သူနဲ့ ပတ်သက်ပြီး ဘာမှ ဆွေးနွေးစရာမရှိပါဘူး။ သူ့ကို မလိုလား အပ်သူအဖြစ် ကြေညာပါ တယ်။” လို့ ရူဘီယိုက X လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။
“ထရမ့်ဟာ လူဖြူကြီးစိုးရေးလှုပ်ရှားမှုတစ်ခုကို” ဦးဆောင်နေတယ်လို့ သောကြာနေ့က တောင်အာဖရိက သံအမတ် အီဘရာဟမ်ရာဆိုးလ် ပြောခဲ့တဲ့စကားကို ကိုးကားပြီး လက်ယာဝါဒီတွေရဲ့ Breitbart ဝက်ဆိုက်မှာ ရူဘီယိုက ဆောင်း ပါးတစ်စောင်ရေးသားခဲ့ပါတယ်။
တောင်အာဖရိက သမ္မတရုံးကတော့ အီဘရာဟမ်ရာဆိုးလ် နှင်ထုတ်ခံရတဲ့အတွက် စိတ်မကောင်းကြောင်း ပြောဆိုပြီး နှစ်နိုင်ငံအကျိုးအတွက် အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံသွားဖို့ ဆုံးဖြတ်ထားဆဲဖြစ်ကြောင်း ထုတ်ပြန်ကြေညာပါ တယ်။
အစိုးရအနေနဲ့ သံတမန်လမ်းကြောင်းကနေ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း တောင်အာဖရိက နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ခရစ္စပင်းဖီရီက X မှာ ရေးသားခဲ့ပါတယ်။
ရီပတ်ဘလီကန်သမ္မတထရမ့်တက်လာတဲ့အချိန်ကစပြီး သံအမတ်အီဘရာဟမ်ရာဆိုးလ်ဟာ နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတွေနဲ့ရော ရီပတ်ဘလီကန်ထိပ်တန်းခေါင်းဆောင်တွေနဲ့ပါ ပုံမှန်အစည်းအဝေးတွေမ ဟုတ်နိုင်ခဲ့ကြောင်း အခု သီ တင်းပတ်အတွင်း Semafor ဝက်ဆိုက်မှာ ရေးသားထားပါတယ်။
ဘရာဟမ်ရာဆိုးလ်က ပါလက်စတိုင်းလိုလားပြီး အစ္စရေးကို ပြင်းပြင်းထန်ထန် ဝေဖန်နေလို့ အမေရိကန်အ စိုးရအဖွဲ့နဲ့ အစည်းအဝေးတွေ မလုပ်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။
အမေရိကန်-တောင်အာဖရိက ဆက်ဆံရေးဟာ အဆိုးရွားဆုံး အခြေအနေကို ဆိုက်ရောက်လာခဲ့ကြောင်း တောင်အာဖ ရိကဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း ပက်ထရစ်ဂက်စ်ပဒ်က ပြောပါတယ်။
“အခြေအနေက ရင်ကြားပြင်စေ့လို့မရလောက်တော့အောင် ဆိုးရွားလွန်းတဲ့ အခြေအနေကို ရောက်နေပါပြီ။” လို့ ၎င်းက ပြောပါတယ်။
တောင်အာဖရိက အစိုးရဟာ မြေရာတွေ သိမ်းဆည်းနေပြီး လူတချို့ဟာလည်း အလွန်ဆိုးရွားစွာ ခွဲခြားဆက်ဆံခံ နေရ ကြောင်း သက်သေအထောက်အထားမပါဘဲ ထရမ့်က ပြောပါတယ်။
တောင်အာဖရိက လူဖြူတွေဟာ “လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေးဥပဒေတွေ” ရဲ့ သားကောင်တွေဖြစ်နေ ရကြောင်း ထရမ့် ရဲ့မိတ်ဆွေကြီးဖြစ်တဲ့ တောင်အာဖရိကဖွား ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး အီလွန်မတ်က ပြောပါတယ်။
Ref: US expels South African ambassador
#PeopleMedia