တောင်ဥက္ကလာပမြို့နယ်တွင် ALPHARD ယာဉ်ပေါ်မှ ကျပ်သိန်း ၂၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

PUBLISHED - November 7, 2023
နေပြည်တော်၊ နိုဝင်ဘာ ၇
တောင်ဥက္ကလာပမြို့နယ်တွင် ALPHARD ယာဉ်ပေါ်မှ ငွေကျပ်သိန်း ၂၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား များ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
နိုဝင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁နာရီ ၃၀အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တောင်ဥက္ကလာပမြို့နယ်၊ (၁၂)ရပ်ကွက်၊ မင်္ဂလာလမ်းတွင် ဦးသန်းဝင်း(ခ)ဖက်တီး မောင်းနှင်ပြီး အောင်ထွန်းသိန်း လိုက်ပါလာသည့် ALPHARD အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ် ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၀၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဦးသန်းဝင်း(ခ)ဖက်တီး (၃၀) နှစ်နှင့် အောင်ထွန်းသိန်း(၅၁)နှစ်တို့အား တောင်ဥက္ကလာပမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရ သည်။
#PeopleMedia