• Follow Us on
Latest News

Home တောင်ဥက္ကလာပမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀၀ ပြား ဖမ်းဆီးရမိ

တောင်ဥက္ကလာပမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀၀ ပြား ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၈

 

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀၀ ပြား ဖမ်းဆီးရမိခဲ့ ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

နိုဝင်ဘာလ ၂၆ ရက်နေ့ ၁၂နာရီ ၄၅ အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက် သေများနှင့်အတူ တောင်ဥက္ကလာပမြို့နယ်၊ (၁၄)ရပ်ကွက်၊ သံသုမာလမ်းတွင် လမ်းလျှောက်လာသူ ဝင်းနိုင် နှင့် အေးမောင်တို့အား စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၆၀၀)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ် ချက်အရ ၁၃၃၀ အချိန် အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများရောင်းချသူ ဇော်မင်းထွန်း(ခ)ဦးခိုင်အား ၎င်းနေ ထိုင်သည့် တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ လယ်ယာရွှေမြေလမ်းရှိ နေအိမ်တွင် လက်ကိုင်ဖုန်း ၂ လုံးနှင့် အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ဝင်းနိုင်(၅၃)နှစ်၊ အေးမောင် (၅၈) နှစ်နှင့် ဇော်မင်းထွန်း(ခ)ဦးခိုင်အား (၃၉)နှစ်တို့အား တောင်ဥက္ကလာပမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post