• Follow Us on

Home တောင်ဥက္ကလာပမြို့နယ်တွင် မပေါက်ကွဲသေးသည့် လက်လုပ်ဗုံး ၁ လုံး တွေ့ရှိ၍ ဖောက်ခွဲရှင်းလင်း

တောင်ဥက္ကလာပမြို့နယ်တွင် မပေါက်ကွဲသေးသည့် လက်လုပ်ဗုံး ၁ လုံး တွေ့ရှိ၍ ဖောက်ခွဲရှင်းလင်း

Share this post

နေပြည်တော်၊ ဩဂုတ်၂၂

 

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၅) ရပ်ကွက်၊ သံသုမာလမ်း၊ ဇီဇဝါဥယျာဉ်အိမ်ယာရှေ့တွင် သြဂုတ်လ ၂၁ ရက် ည ၉ နာရီအချိန်က မပေါက်ကွဲသေးသော လက်လုပ်ဗုံး ၁ လုံး တွေ့ရှိခဲ့ရကြောင်း သိရ သည်။

 

တောင်ဥက္ကလာပမြို့နယ်၊ ၁၅ ရပ်ကွက်၊ သံသုမာလမ်း၊ ဇီဇဝါဥယျာဉ်အိမ်ယာ၏ ဝင်ထွက်ပေါက်ရှေ့လမ်း ပေါ်တွင် အစိမ်းရောင်မသင်္ကာဖွယ် တွေ့ရှိရကြောင်းသတင်းအရ လုံခြုံရေးအဖွဲ့ကစစ်ဆေးရာ စနက်တံပါ လက်လုပ်ဗုံး ၁ လုံးကိုတွေ့သဖြင့် သံသုမာလမ်းပေါ်တွင် ဖောက်ခွဲရှင်းလင်းလိုက်ကြောင်း သိရသည်။

 

#PeopleMedia


Share this post