တောင်ဥက္ကလာမြို့နယ်ရှိ Transporter Club ကို သတ်မှတ်ချိန်ကျော်လွန်ဖွင့်လှစ်မှုဖြင့် ဖမ်းဆီး

PUBLISHED - July 22, 2023
နေပြည်တော်၊ ဇူလိုင် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာမြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ ဝေဇယန္တာလမ်း၊ အမှတ် ၅၀ တွင် ဖွင့်လှစ် ထားသည့် Transporter Club ကို သတ်မှတ်ချိန်ကျော်လွန်ဖွင့်လှစ်မှုဖြင့် ယနေ့ နံနက် ၁၂ ကျော်အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် လုံခြုံရေးပူးပေါင်းအဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ယင်းကလပ်အတွင်း သတ်မှတ်ချိန် ကျော်လွန်သောက်စားနေသော အမျိုးသား ၁၀၂ ဦး၊ အမျိုးသမီး ၇၉ ဦးအား တွေ့ရှိသဖြင့် ကလပ်မန်နေဂျာ ညီမောင်အား ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆိုပြီး ကလပ်ကို ယာယီ ပိတ်သိမ်းလိုက်ကြောင်းသိရသည်။
#PeopleMedia