တော်လှန်ရေးမအောင်တာ ခွေးတွေကြောင့်ဟု ထုတ်ပြန်ခဲ့သည့် ဟားခါး PDF က Non-CDM ဝန်ထမ်းတွေကို တွေ့တဲ့နေရာ ပစ်ခတ်မည်ဟု ထပ်မံထုတ်ပြန်
PUBLISHED - September 25, 2024
နေပြည်တော်၊ စက်တင်ဘာ ၂၅
တော်လှန်ရေးမအောင်တာ အိမ်မွေးခွေးတွေကြောင့်ဟု ထုတ်ပြန်ခဲ့သည့် ဟားခါး PDF က Non-CDM ဝန်ထမ်းများကို တွေ့ရှိသည့်နေရာတွင် ပစ်ခတ်မည်ဟု ထပ်မံထုတ်ပြန်လိုက်သည်။
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် CDM မလုပ်ပဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်အောင်ကူညီပေးနေသည့် Non-CDM ဝန်ထမ်းများကို တွေ့ရှိသည့်နေရာတွင် ပစ်ခတ်သတ်ဖြတ် မည် ဖြစ်ကြောင်း စက်တင်ဘာလ (၂၃)ရက် ညပိုင်းက ဟားခါး PDF က ထုတ်ပြန်ထားသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၃)ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဟားခါးမြို့ရှိ ဌာနဆိုင်ရာအားလုံးက နိုင်ငံ့ဝန်ထမ်းများအား အစည်းအဝေးခေါ်ယူကာ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းများ ကောက်ယူရန် သင်ကြားပေးခဲ့သည်။
ယင်းအတွက်ကြောင့် နစကမှ ကျင်းပပြုလုပ်ရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်း ကောက်ယူသည့် နေရာတွင် ပါဝင်သူများအား တွေ့ရှိသည့် နေရာတွင် ပစ်ခတ်သတ်ဖြတ်သွားမည်ဖြစ်ကြောင်း ဟားခါး PDF က သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
#PeopleMedia