• Follow Us on
Latest News

Home တော်ဝင်မိသားစုအတွက် လမ်းကြောင်းပိတ်ဆို့တာတွေ ရပ်တန့်ဖို့ ထိုင်းဘုရင်က ရဲတပ်ဖွဲ့ကို မှာကြားထားတာ ကြာပြီဖြစ်တယ်လို့ဆို

တော်ဝင်မိသားစုအတွက် လမ်းကြောင်းပိတ်ဆို့တာတွေ ရပ်တန့်ဖို့ ထိုင်းဘုရင်က ရဲတပ်ဖွဲ့ကို မှာကြားထားတာ ကြာပြီဖြစ်တယ်လို့ဆို

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၆

 

ထိုင်းတော်ဝင်မိသားစုယာဉ်တန်းသွားလာဖို့အတွက် လမ်းကြောင်းအားလုံးပိတ်ဆို့ထားတာတွေကို ရပ်တန့်ဖို့ ထိုင်းဘုရင် မင်းမြတ်က ရဲတပ်ဖွဲ့ကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ညွှန်ကြားထားပြီးသားဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၁၅ ရက်နေ့) က ပြောကြားလိုက် ပါတယ်။

 

တော်ဝင်မိသားစုကို ကာကွယ်ဖို့အတွက် ထိုင်းရဲတပ်ဖွဲ့ကို ကူညီဖို့ ထိုင်းတပ်မတော်အနေနဲ့ အသင့်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောဆိုနေစဉ်အတွင်းမှာ ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က အခုလိုပြော ကြားလိုက်တာဖြစ်ပါတယ်။

 

ထိုင်းဘုရင်မင်းမြတ်ဆန္ဒအရ တော်ဝင်မိသားစုယာဉ်တန်းသွားလာချိန်မှာ လမ်းကြောင်းတွေအားလုံး ပိတ်ဆို့ ထားတာကို ရဲတပ်ဖွဲ့က ရပ်တန့်ထားခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ရေတပ်ဗိုလ်ချုပ်ကြီး သာနစ်ဖောင်းဆီရီဆဝတ်ဆက်က ပြောပါတယ်။

 

ထိုင်းဘုရင်နဲ့ တခြားတော်ဝင်မိသားစုဝင်တွေရဲ့ ယာဉ်တန်းတွေကြောင့် ပြည်သူတွေကို နှောင့်ယှက်ထိခိုက်မိမှာ ကို ထိုင်းဘုရင်မင်းမြတ်က စိုးရိမ်ကြောင်း၊ လမ်းကြောင်းတွေကို တော်ဝင်မိသားစုအတွက်ရော ပြည်သူတွေအ တွက်ပါ ဖွင့်လှစ်ထားပေးပြီး သင့်တော်တဲ့နည်းလမ်းနဲ့ စီစဉ်ဆောင်ရွက်ဖို့ တော်ဝင်ရဲတပ်ဖွဲ့ကို ထိုင်းဘုရင်က မိန့် ကြားထားကြောင်း ၎င်းက ပြောပါတယ်။

 

တော်ဝင်မိသားစု ယာဉ်တန်းကို ဦးစားပေးထားတာနဲ့ပတ်သက်ပြီး ဘုရင်စနစ်ပြုပြင်ပြောင်းလဲလိုသူတွေနဲ့ ဘုရင် စနစ်ထိန်းသိမ်းထားလိုသူတွေကြားထဲက လက်ရှိအငြင်းပွားမှုကို ပြောခွင့်ရပုဂ္ဂိုလ်က ရည်ညွှန်းပြောဆိုခဲ့တာဖြစ် ပါတယ်။

 

ဘုရင်စနစ်ကို ဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားသူအမျိုးသမီး တန်တာဝန်တောက်တူလာနန်နဲ့ ၎င်းရဲ့အဖော်ဖြစ်သူ နတ်သာနန် ချိုင်းယာမဟာဘတ်တို့ဟာ ဖေဖော်ဝါရီ ၄ ရက်နေ့က အမြန်လမ်းတစ်ခုပေါ်မှာ ထိုင်းတော်ဝင်မင်း သမီး မဟာချတ်ကရီသီရိဒုံရဲ့ တော်ဝင်ယာဉ်တန်းကြားထဲကို ဖြတ်ဝင်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပါတယ်။

 

၎င်းတို့နှစ်ဦးဟာ လမ်းသွယ်တစ်ခုကနေ တော်ဝင်ယာဉ်တန်းကြားထဲကို ဖြတ်ဝင်ပြီး တစ်ဖက်လမ်းကို ကူးဖို့ကြိုး စားခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေက ၎င်းတို့နှစ်ဦးကို တားဆီးခဲ့ပြီးနောက် Facebook လူမှုကွန်ရက်ပေါ်မှာ တက် ကြလှုပ်ရှားသူတွေက အဲဒီကိစ္စနဲ့ပတ်သက်ပြီး live လွှင့် အငြင်းပွားခဲ့ကြပါတယ်။

 

ကြာသပတေးနေ့မှာတော့ ကာကွယ်ရေးဝန်ကြီးဆုတင်ကလန်ဆန်းဟာ ကာကွယ်ရေးကောင်စီအစည်းအဝေး ကျင်းပခဲ့ပြီး ၎င်းနဲ့ တပ်မတော်ထိပ်တန်းခေါင်းဆောင်တွေဟာ အဲဒီကိစ္စကို ဆွေးနွေးခဲ့ကြပါတယ်။

 

ကာကွယ်ရေးဝန်ကြီးဆုတင်က ၎င်းအနေနဲ့ သလာဝန်တက်ကြွလှုပ်ရှားသူတွေရဲ့ ဆောင်ရွက်ချက်တွေကို စောင့်ကြည့်နေပြီး အလားတူအဖြစ်အပျက်မျိုး ထပ်မံမဖြစ်ပွားအောင်ကာကွယ်ဟန့်တားဖို့ စစ်ခေါင်းဆောင်တွေ ကို ညွှန်ကြားထားကြောင်း ပြောပါတယ်။

 

ထိုင်းတော်ဝင်မိသားစုဝင်တွေကို အကာအကွယ်ပေးဖို့ဆိုတာ ထိုင်းတပ်မတော်အတွက် ထိပ်တန်းဦးစားပေးတာ ဝန်တစ်ရပ်ဖြစ်ပေမဲ့ ထိုင်းဘုရင်မင်းမြတ်နဲ့ တော်ဝင်မိသားစုဝင်တွေရဲ့ လုံခြုံရေးအတွက် တော်ဝင်ထိုင်းရဲတပ်ဖွဲ့နဲ့ ဘုရင့်အထူးလုံခြုံရေးတပ်ဖွဲ့ရှိပြီးသားဖြစ်ကြောင်း ဆုတင်က ပြောပါတယ်။

 

“အဲဒီရဲတပ်ဖွဲ့နှစ်ခု မနိုင်မနင်းဖြစ်လာပြီဆိုရင်တော့ ထိုင်းတပ်မတော်အနေဲ့ ကြားဝင်ဆောင်ရွက်ဖို့ အဆင့်သင့်ရှိ နေပါတယ်။” လို့ ဆုတင်က ပြောပါတယ်။

 

တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့တွေကလည်း တက်ကြွလှုပ်ရှားသူတွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေ ပြီး ထိုင်းတပ်မတော်အနေနဲ့ နောက်ထပ် အလားတူဖြစ်စဉ်မျိုးမဖြစ်ပွားအောင် အစွမ်းကုန်ကာကွယ်စောင့် ရှောက်သွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

တန်တာဝန်ကတော့ “၎င်းအနေနဲ့ ဘုရင်စနစ်ထိန်းသိမ်းလိုသူတွေရဲ့ ဝေဖန်မှုနဲ့ ခြိမ်းခြောက်မှုတွေကို စိုးရိမ်ခြင်း မရှိကြောင်း၊ ဒါပေမဲ့ ထိုင်းနိုင်ငံဟာ ၁၉၇၆ ခုနှစ်က အခြေအနေကို ပြန်ရောက်သွားမှာမဟုတ်ဘူးလို့ မျှော်လင့် ထားကြောင်း၊ တော်ဝင်ယာဉ်တန်းကိစ္စနဲ့ပတ်သက်ပြီး ၎င်းရဲ့စောဒကတက်မှုကို ဆွေးနွေးဖို့အတွက် ဘေးကင်း လုံခြုံတဲ့နေရာတစ်ခုလိုချင်ကြောင်း” အင်္ဂါနေ့ အဖမ်းမခံရခင်မှာ ပြောသွားပါတယ်။

 

၁၉၆၇ ခုနှစ်က ဘုရင်စနစ်ကို သစ္စာမစောင့်သိဘူးလို့ စွပ်စွဲခံရပြီးနောက် သမ်ဆတ်တက္ကသိုလ်ကျောင်းသားတွေ ကို သတ်ဖြတ်ဖို့ ထိုင်းလကျ်ာစွန်းဝါဒီအုပ်စုတွေကို သွေးထိုးလှုံ့ဆော်ခဲ့ပါတယ်။

 

Ref: ‘King told police to stop blocking roads for royal motorcades years ago’

 

#PeopleMedia


Share this post