တံတားဦးမြို့နယ်၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး လုပ်ကြံသတ်ဖြတ်ခြင်းခံရ

PUBLISHED - February 5, 2022
မန္တလေး၊ ဖေဖော်ဝါရီ ၅ (People Media)
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးသည် ဖေဖော်ဝါရီ ၄ ရက်နေ့က လုပ်ကြံခံရ၍ သေဆုံးခဲ့ပါတယ်။
လုပ်ကြံခံရသူသည် တံတားဦးမြို့နယ်၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ကိုနိုင်လင်းထူးဖြစ်ပြီး ကျောက် ဆည်မြို့နယ်နှင့် တံတားဦးမြို့နယ်အစပ် ထန်းလုံးတပ်ကျေးရွာအနီး၌ သတ်ဖြတ်ခံရခြင်းဖြစ်ပါတယ်။
“ဖြစ်စဉ်က မှန်ပါတယ်။ ထန်းလုံးတပ်ကျေးရွာနားမှာဖြစ်တာ အလောင်းကိုလည်း လမ်းနဲ့ ခပ်လှမ်းမှာတွေ့ရတာ သေနတ်ဒဏ်ရာ ၁၀ ချက်ကျော် အပစ်ခံရတာ” ဟု ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးများ၌ ပြည်ခိုင်ဖြိုးပါတီဝင်များ လုပ်ကြံခံရလျက်ရှိပါတယ်။
#PeopleMedia #မန္တလေး #USDP #အတွင်းရေးမှူး #လုပ်ကြံသတ်ဖြတ်မှု
(unicode)
………………………………………………………
မန်တလေး၊ ဖဖေောျဝါရီ ၅ (People Media)
#PeopleMedia #မန်တလေး #USDP #အတှငျးရေးမှူး #လုပျကွံသတျဖွတျမှု