• Follow Us on

Home တံတားဦးမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကြံ့ခိုင်ရေးပါတီ ရပ်ကျေးကော်မတီဝင်တစ်ဦးကို စစ်သွေးကြွများ သတ်ဖြတ်

တံတားဦးမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကြံ့ခိုင်ရေးပါတီ ရပ်ကျေးကော်မတီဝင်တစ်ဦးကို စစ်သွေးကြွများ သတ်ဖြတ်

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၄

 

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ထနောင်းကိုင်းကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကြံ့ခိုင်ရေးပါတီ ရပ်ကျေးကော်မတီဝင်တစ်ဦးကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ သတ်ဖြတ်သွားကြောင်း သိရသည်။

 

နိုဝင်ဘာလ (၂)ရက် ည (၉)နာရီခွဲအချိန်က စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် ငါန်းဇွန်မြို့နယ်၊ စီကောင်း ကျေးရွာဘက်မှ တံတားဦးမြို့နယ်၊ ထနောင်းကိုင်းကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမိုးနွယ်၏ အမည်ကိုခေါ်ခဲ့ရာ အသက် (၅၀)နှစ်အရွယ် ဦးမိုးနွယ်(ခ) ဦးဝတုတ်သည် စစ်သွေးကြွများ ဖြစ်ကြောင်း သိရှိသဖြင့် နေအိမ်ခြံဝိုင်းအတွင်းမှ ထွက်ပြေးခဲ့သည်။

 

ယင်းသို့ ထွက်ပြေးသွားသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမိုးနွယ်ကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ဝိုင်းဝန်း ဖမ်းဆီးပြီး ၎င်း၏ နေအိမ်ရှေ့တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးမိုးနွယ်တွင် ယာဘက်ရင်ဘတ် ဖောက်ဝင်ဒဏ်ရာ (၃)ချက်၊ ယာဘက်ပါးနှင့် မေးစေ့အနီး ဖောက်ဝင်ဒဏ်ရာ (၂)ချက်၊ ဦးခေါင်းနောက်စေ့ ဝဲ/ယာ ဖောက်ဝင်/ဖောက်ထွက်ဒဏ်ရာ (၂)ချက်၊ ဝဲဘက်ကျော ဖောက်ထွက်ဒဏ်ရာ (၂)ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

 

ယင်းနောက်တွင် စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် ငါန်းဇွန်ဘက်သို့ ကားလမ်းအတိုင်း ပြန်ထွက်စဉ် ထနောင်းကိုင်းကျေးရွာ အဝင်အနီးသို့ အရောက် ကြံ့ခိုင်ရေးပါတီ ရပ်ကျေးကော်မတီဝင်တစ်ဦးဖြစ်သည့် အသက် (၄၄)နှစ်အရွယ် ဦးကျော်ဦးအား တွေ့ရှိသဖြင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးကျော်ဦးတွင် ယာဘက် မျက်လုံးနှင့်နောက်စေ့ ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ယာဘက်မေးစေ့ ဖောက်ထွက်ဒဏ်ရာ (၁)ချက်၊ ဝဲဘက် လက်ခုံ ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ယာဘက်ရင်အုံအနီး ဖောက်ဝင်/ထွက်ဒဏ်ရာ (၁)ချက်တို့ဖြင့် အခင်း ဖြစ်ပွါးသည့် နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

 

#PeopleMedia


Share this post