တံတားဦးမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီ ရပ်ကျေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တစ်ဦးကို PDF များက သတ်ဖြတ်
PUBLISHED - February 7, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာတွင် ကြံ့ခိုင်ရေးပါတီ ရပ်ကျေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တစ်ဦးကို PDF အဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း သိရသည်။
ဖေဖော်ဝါရီလ (၆)ရက် နံနက်ပိုင်းက တံတားဦးမြို့နယ် ပေါက်မြိုင်ကျေးရွာတွင် နေထိုင်သည့် ဦးမွန် ကျော်သည် ၎င်း၏ နေအိမ်တွင် အိပ်နေစဉ် PDF အဖွဲ့ဝင် (၁၀)ဦးခန့်က ရောက်ရှိလာပြီး ဦးမွန် ကျော်၏ နာမည် အော်ခေါ်နေသဖြင့် နေအိမ်အရှေ့ဘက်သို့ ထွက်ပြေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ထွက်ပြေးရာတွင် PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့သဖြင့် ဦးမွန်ကျော်တွင် ယာဘက်ပါးမှ ဖောက်ဝင်ဒါဏ်ရာ၊ ဦးခေါင်းနောက်စေ့ ကျည် ဖောက်ထွက်ဒဏ်ရာတို့ဖြင့် အခင်းဖြစ် နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
၎င်းနောက် PDF အဖွဲ့ဝင်များသည် ပေါက်မြိုင်ကျေးရွာတွင် နေထိုင်သည့် ဦးနိုင်ဝင်း၏ နေအိမ်သို့ ထပ်မံသွားရောက်ခဲ့ပြီး ဦးနိုင်ဝင်း၏ အမည်ကို အော်ဟစ်ခေါ်ရာမှ ဦးနိုင်ဝင်းလည်း ထွက်ပြေးခဲ့ ရကြောင်း သိရသည်။
ဦးနိုင်ဝင်း ထွက်ပြေးရာနောက်သို့ PDF အဖွဲ့ဝင်များမှ လိုက်လံပစ်ခတ်ခဲ့သဖြင့် ဦးနိုင်ဝင်းတွင် ဦးခေါင်းပွင့်ထွက် ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
PDF အဖွဲ့ဝင်များ အနေဖြင့် စစ်ကိုင်းမြို့နယ်ဘက်မှ တံတားဦးမြို့နယ် ပေါက်မြိုင်ကျေးရွာသို့ စက်လှေ ဖြင့် ဧရာဝတီမြစ်အား ဖြတ်ကူးကာ လာရောက်ခြင်းဖြစ်ပြီး ဦးမွန်ကျော်နှင့် ဦးနိုင်ဝင်းတို့အား သတ် ဖြတ်ပြီးနောက် စက်လှေဖြင့် စစ်ကိုင်းမြို့နယ်ဘက်သို့ ပြန်လည်ထွက်ခွါသွားကြောင်း သိရသည်။
#PeopleMedia