တံတားဦးမြို့နယ်တွင် မူလတန်းပြ ကျောင်းဆရာတစ်ဦး အပါအဝင် အမျိုးသား သုံးဦးကို စစ်သွေးကြွတွေ သတ်ဖြတ်
PUBLISHED - August 5, 2024
နေပြည်တော်၊ ဩဂုတ် ၅
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ အောက်တောကျေးရွာတွင် မူလတန်းပြ ကျောင်းဆရာတစ်ဦး အပါအဝင် အမျိုးသား သုံးဦးကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ သတ်ဖြတ်လိုက်ကြောင်း သိရသည်။
ဩဂုတ်လ (၂)ရက် ည (၁၀)နာရီ အချိန်က ကန်ကြီးကျေးရွာ အခြေခံပညာ မူလတန်းကျောင်းမှ လက်ထောက် မူလတန်းပြကျောင်းဆရာဖြစ်သူ ဦးကိုကိုလင်းမောင် (၃၁) နှစ်၊ ဦးတင်ထွန်း (၄၉) နှစ်နှင့် အာဇာနည် (၃၁) နှစ်တို့သည် အောက်တောကျေးရွာရှိ ၎င်းတို့၏ နေအိမ်အသီးသီးတွင် ရှိနေစဉ် စစ်သွေးကြွ PDF အဖွဲ့ဝင်များ ရောက်ရှိလာသည်။
ယင်းနောက် စစ်သွေးကြွ PDf အဖွဲ့ဝင်များသည် ကျောင်းဆရာ အပါအဝင် သုံးဦးအား သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့သုံးဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွါးသည့်နေရာတွင် သေဆုံး သွားကြောင်း သိရသည်။
#PeopleMedia