တရုတ်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၂ သန်း ဖေဖော်ဝါရီလမှစတင်ကာ ထိုင်းနိုင်ငံရောက်မည်

PUBLISHED - January 4, 2021
ဘန်ကောက်၊ ဒီဇင်ဘာ ၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
တရုတ်နိုင်ငံရှိဆင်နိုဗက်ဇီဝနည်းပညာကုမ္ပဏီထံမှ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၂ သန်းကျော် လာမည့် လတွင်စတင်ပြီး ရောက်ရှိမည်ဖြစ်ကြောင်း ထိုင်းအစိုးရကပြောသည်။
ဖေဖော်ဝါရီတွင် ၂ သိန်း၊ မတ်တွင် ၈ သိန်းနှင့် ဧပြီတွင် ၁၀ သိန်းရောက်ရှိမည်ဟု ထိုင်းကျန်းမာရေးဝန်ကြီးဌာန ကပြောသည်။
အက်စထရာဇီနီကာကုမ္ပဏီထံမှနည်းပညာလွှဲပြောင်းရန်သဘောတူပြီး ပြည်တွင်းတွင်ထုတ်လုပ်မည့်ကာကွယ် ဆေးသည်လည်း မေလတွင် စတင်ဖြန့်ချိနိုင်မည်ဟု ခန့်မှန်းထားကြောင်းပြောသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ၌ ဆာမွတ်ဆာခွန်ခရိုင်ရှိပုစွန်ဈေးမှစတင်သည့်ကူးစက်မှုလှိုင်းကို တားဆီးနိုင်ရန် ကြိုးစားနေပြီး ဘန်ကောက်နှင့်အဆိုးဆုံးထိခိုက်နေသည့်ခရိုင် ၂၂ ခုတွင် တနင်္လာနေ့မှစတင်ပြီး စီးပွားရေးနှင့် စုဝေးမှုများအပေါ် ကန့်သတ်မှုအသစ်များချမှတ်လိုက်သည်ဟု တနင်္ဂနွေနေ့တွင် ဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာကကြေညာသည်။
တရုတ်နိုင်ငံပြင်ပတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုပထမဆုံးတွေ့သည့်နိုင်ငံဖြစ်သောထိုင်းနိုင်ငံသည် ယခင်ကူး စက်မှုများကို အောင်မြင်စွာထိန်းထားနိုင်ခဲ့သော်လည်း ပြီးခဲ့သည့်လတွင် ကူးစက်မှုများဆက်တိုက်မြင့်တက်ခဲ့ပြီး တနင်္လာနေ့တွင် စံချိန်တင်တနေ့တာကူးစက်မှုအဖြစ် အတည်ပြုလူနာ ၇၄၅ ယောက်ထပ်တိုးခဲ့သည်။
၇၀၉ ယောက်မှာ ပြည်တွင်းကူးစက်လူနာများဖြစ်ပြီး ကျန်သူများမှာ နိုင်ငံခြားပြန်များနှင့်နိုင်ငံခြားသားများ ဖြစ်သည်။
ပြည်တွင်းကူးစက်မှုများအနက် ရွှေ့ပြောင်းလုပ်သား ၅၅၇ ယောက်ပါဝင်ပြီး ၁၅၂ ယောက်မှာ ထိုင်းနိုင်ငံသား များဖြစ်သည်။
သေဆုံးသူ ၁ ယောက်လည်းရှိပြီး ထိုသူသည် အသက် ၅၆ နှစ်ရှိ ဘန်ကောက်မြို့မှအမျိုးသားဖြစ်ကာ ဆာ မွတ်ဆာခွန်ခရိုင်သို့ခရီးသွားခဲ့သည့်ရာဇဝင်ရှိသူဖြစ်သည်။ ထို့ကြောင့် ထိုင်းတွင် အတည်ပြုလူနာ ၈၄၃၉ ယောက်ရှိပြီး သေဆုံးသူ ၆၅ ယောက်ရှိနေသည်။
Ref : Thailand to get 2 million shots of China’s Sinovac
#PeopleMedia
(unicode)
……………………………………………………….
Ref : Thailand to get 2 million shots of China’s Sinovac
#PeopleMedia