တ႐ုတ္နိုင္ငံက ႏွစ္သစ္ကူး ခရီးသြားရာသီမစတင္မီ ျပည္သူ သန္း ၅၀ ကို ကိုဗစ္ကာကြယ္ေဆးထိုးေပးမည္
PUBLISHED - December 18, 2020
နိုင္ငံတကာ၊ ဒီဇင္ဘာ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
လာမည့္ႏွစ္အေစာပိုင္း ႏွစ္သစ္ကူးခရီးသြားရာသီမစတင္မီ ျပည္သူ သန္း ၅၀ အား ဗိုင္းရပ္စ္ကာကြယ္ေဆးထိုးႏွံေပးရန္ တ႐ုတ္နိုင္ငံက အရွိန္ျမႇင့္လုပ္ေဆာင္လ်က္ရွိသည္။
တ႐ုတ္ေဆးဝါးကုမၸဏီမ်ားျဖစ္ေသာ Sinopharm ႏွင့္ Sinovac တို႔မွ ထုတ္လုပ္သည့္ ႏွစ္ႀကိမ္ ထိုးႏွံရမည့္ ဗိုင္းရပ္စ္ကာ ကြယ္ေဆးအလုံးေရ သန္း ၁၀၀ ျဖန္႔ျဖဴးရန္ တ႐ုတ္နိုင္ငံက စီစဥ္လ်က္ရွိေၾကာင္း က်န္းမာေရးပညာရွင္တစ္ဦး၏ ေျပာၾကားခ်က္အရ သိရသည္။
ပထမအႀကိမ္ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆးအလုံးေရ သန္း ၅၀ ကို ဇန္နဝါရီလ ၁၅ ရက္မတိုင္မီ ထိုးႏွံေပးမည္ျဖစ္ၿပီး ေနာက္ထပ္ အလုံးေရ သန္း ၅၀ ကို ေဖေဖာ္ဝါရီလ ၅ ရက္မတိုင္မီ ထိုးႏွံေပးမည္ျဖစ္သည္။
ျပည္သူမ်ား ခရီးသြားလာမႈမ်ားျပားသည့္ ႏွစ္သစ္ကူးအခ်ိန္က တ႐ုတ္နိုင္ငံ၌ ကူးစက္ေရာဂါမ်ား ပ်ံ႕ႏွံ႔ေစနိုင္သည့္ အႏၲရာယ္ႀကီးမားေသာ ရာသီျဖစ္သည္။
ဗိုင္းရပ္စ္ကာကြယ္ေဆး ထိုးႏွံေပးရန္ ဦးစားေပး သတ္မွတ္ထားသူမ်ားမွာ က်န္းမာေရးလုပ္သား၊ ရဲတပ္ဖြဲ႕ဝင္၊ အေကာက္ခြန္ ၀န္ထမ္း၊ ကုန္စည္၊ ပို႔ေဆာင္ေရးႏွင့္ ေထာက္ပံ့ပို႔ေဆာင္ေရးလုပ္သားမ်ား၊ နယ္စပ္ထိန္းခ်ဳပ္ေရး တာဝန္ရွိသူမ်ား၊ သက္ႀကီးေဂ ဟာဝန္ထမ္းမ်ားႏွင့္ သန္႔ရွင္းေရးလုပ္သားမ်ား ျဖစ္သည္။
ယခုႏွစ္မကုန္မီ ျပည္သူႏွစ္သန္းကို ဗိုင္းရပ္စ္ကာကြယ္ေဆး ထိုးႏွံေပးမည္ျဖစ္ၿပီး လာမည့္ႏွစ္အေစာပိုင္းတြင္ ဦးစားေပးအုပ္စုမ်ားကို ထိုးႏွံေပးမည္ဟု စီခၽြမ္ျပည္နယ္ အာဏာပိုင္မ်ားက ေျပာသည္။
ကိုးကား – South China Morning Post
Ref; China to vaccinate 50 million people for Lunar New Year
(unicode)
တရုတ်နိုင်ငံက နှစ်သစ်ကူး ခရီးသွားရာသီမစတင်မီ ပြည်သူ သန်း ၅၀ ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးမည်
………………………………………
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
လာမည့်နှစ်အစောပိုင်း နှစ်သစ်ကူးခရီးသွားရာသီမစတင်မီ ပြည်သူ သန်း ၅၀ အား ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံပေးရန် တရုတ်နိုင်ငံက အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။
တရုတ်ဆေးဝါးကုမ္ပဏီများဖြစ်သော Sinopharm နှင့် Sinovac တို့မှ ထုတ်လုပ်သည့် နှစ်ကြိမ် ထိုးနှံရမည့် ဗိုင်းရပ်စ်ကာ ကွယ်ဆေးအလုံးရေ သန်း ၁၀၀ ဖြန့်ဖြူးရန် တရုတ်နိုင်ငံက စီစဉ်လျက်ရှိကြောင်း ကျန်းမာရေးပညာရှင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ သန်း ၅၀ ကို ဇန်နဝါရီလ ၁၅ ရက်မတိုင်မီ ထိုးနှံပေးမည်ဖြစ်ပြီး နောက်ထပ် အလုံးရေ သန်း ၅၀ ကို ဖေဖော်ဝါရီလ ၅ ရက်မတိုင်မီ ထိုးနှံပေးမည်ဖြစ်သည်။
ပြည်သူများ ခရီးသွားလာမှုများပြားသည့် နှစ်သစ်ကူးအချိန်က တရုတ်နိုင်ငံ၌ ကူးစက်ရောဂါများ ပျံ့နှံ့စေနိုင်သည့် အန္တရာယ်ကြီးမားသော ရာသီဖြစ်သည်။
ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံပေးရန် ဦးစားပေး သတ်မှတ်ထားသူများမှာ ကျန်းမာရေးလုပ်သား၊ ရဲတပ်ဖွဲ့ဝင်၊ အကောက်ခွန် ဝန်ထမ်း၊ ကုန်စည်၊ ပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်သားများ၊ နယ်စပ်ထိန်းချုပ်ရေး တာဝန်ရှိသူများ၊ သက်ကြီးဂေ ဟာဝန်ထမ်းများနှင့် သန့်ရှင်းရေးလုပ်သားများ ဖြစ်သည်။
ယခုနှစ်မကုန်မီ ပြည်သူနှစ်သန်းကို ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ပြီး လာမည့်နှစ်အစောပိုင်းတွင် ဦးစားပေးအုပ်စုများကို ထိုးနှံပေးမည်ဟု စီချွမ်ပြည်နယ် အာဏာပိုင်များက ပြောသည်။
ကိုးကား – South China Morning Post
Ref; China to vaccinate 50 million people for Lunar New Year