တ႐ုတ္နိုင္ငံက ႐ုပ္ထြက္ျမင့္မားေသာ ေျမပုံဖတ္ၿဂိဳဟ္တု ေအာင္ျမင္စြာ လႊတ္တင္

PUBLISHED - July 27, 2020
နိုင္ငံတကာ၊ ဇူလိုင္ ၂၆
တ႐ုတ္နိုင္ငံက အာကာသအတြင္းသို႔ ႐ုပ္ထြက္ျမင့္မားေသာ ေျမပုံဖတ္ၿဂိဳဟ္တုတစ္စင္းကို နိုင္ငံေျမာက္ပိုင္း ဆန္းရွီးျပည္နယ္ ထိုက္ယြမ္ ၿဂိဳဟ္တုလႊတ္တင္ေရးစင္တာမွ ယမန္ေန႕က လႊတ္တင္လိုက္သည္။
အဆိုပါ ၿဂိဳဟ္တုလႊတ္တင္ေရးစင္တာ၏ ေျပာၾကားခ်က္အရ Ziyuan III 03 ၿဂိဳဟ္တုအား Long March-4B ဒုံး ပ်ံျဖင့္ ေပက်င္းစံေတာ္ခ်ိန္ နံနက္ ၁၁:၁၃ နာရီက လႊတ္တင္ခဲ့ျခင္းျဖစ္ၿပီး ထိုသို႔လႊတ္တင္မႈက Long March စီးရီး ၏ ၃၄၁ ႀကိမ္ေျမာက္ လႊတ္တင္ျခင္း ျဖစ္သည္။
ဒုံးပ်ံႏွင့္အတူ ၿဂိဳဟ္တုႏွစ္စင္းကိုလည္း သယ္ေဆာင္သြားခဲ့ၿပီး အလင္းေရာင္မရွိေသာအရာမ်ားကို ရွာေဖြေဖာ္ ထုတ္ျခင္းႏွင့္ စီးပြားေရးလုပ္ငန္းဆိုင္ရာ အခ်က္အလက္မ်ားကို ရွာေဖြစုေဆာင္းျခင္းအတြက္ အသီးသီး အသုံးျပဳမည္ ျဖစ္သည္။
၎ၿဂိဳဟ္တုမ်ားအား ရွန္ဟိုင္း ASES Spaceflight Technology ကုမၸဏီလီမိတက္က တီထြင္ခဲ့ျခင္း ျဖစ္သည္။
စုစုေပါင္း ၿဂိဳဟ္တုသုံးစင္းမွာ သတ္မွတ္ထားေသာ ၿဂိဳဟ္ပတ္လမ္းေၾကာင္းမ်ားအတြင္း ဝင္ေရာက္သြားခဲ့ၿပီဟု ထိုက္ယြမ္စင္တာရွိ သတင္းရင္းျမစ္မ်ားက ေျပာၾကားခဲ့သည္။
ကိုးကား – ဆင္ဟြာ
Ref; China launches new high-resolution mapping satellite
[Unicode]
တရုတ်နိုင်ငံက ရုပ်ထွက်မြင့်မားသော မြေပုံဖတ်ဂြိုဟ်တု အောင်မြင်စွာ လွှတ်တင်
……………………………………………………………………….
နိုင်ငံတကာ၊ ဇူလိုင် ၂၆
တရုတ်နိုင်ငံက အာကာသအတွင်းသို့ ရုပ်ထွက်မြင့်မားသော မြေပုံဖတ်ဂြိုဟ်တုတစ်စင်းကို နိုင်ငံမြောက်ပိုင်း ဆန်းရှီးပြည်နယ် ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ယမန်နေ့က လွှတ်တင်လိုက်သည်။
အဆိုပါ ဂြိုဟ်တုလွှတ်တင်ရေးစင်တာ၏ ပြောကြားချက်အရ Ziyuan III 03 ဂြိုဟ်တုအား Long March-4B ဒုံး ပျံဖြင့် ပေကျင်းစံတော်ချိန် နံနက် ၁၁:၁၃ နာရီက လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ထိုသို့လွှတ်တင်မှုက Long March စီးရီး ၏ ၃၄၁ ကြိမ်မြောက် လွှတ်တင်ခြင်း ဖြစ်သည်။
ဒုံးပျံနှင့်အတူ ဂြိုဟ်တုနှစ်စင်းကိုလည်း သယ်ဆောင်သွားခဲ့ပြီး အလင်းရောင်မရှိသောအရာများကို ရှာဖွေဖော် ထုတ်ခြင်းနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ အချက်အလက်များကို ရှာဖွေစုဆောင်းခြင်းအတွက် အသီးသီး အသုံးပြုမည် ဖြစ်သည်။
၎င်းဂြိုဟ်တုများအား ရှန်ဟိုင်း ASES Spaceflight Technology ကုမ္ပဏီလီမိတက်က တီထွင်ခဲ့ခြင်း ဖြစ်သည်။
စုစုပေါင်း ဂြိုဟ်တုသုံးစင်းမှာ သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းကြောင်းများအတွင်း ဝင်ရောက်သွားခဲ့ပြီဟု ထိုက်ယွမ်စင်တာရှိ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ကိုးကား – ဆင်ဟွာ
Ref; China launches new high-resolution mapping satellite